Tuesday, March 12, 2013

လိုက်လျောညီထွေသည့် ကျန်းမာရေးစနစ် ဆက် လက်ဆောင် ရွက် သွား မည်ဟု HCCG ပြော

Tuesday, March 12, 2013
မြန်မာအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ အ ကြား နိုင် ငံရေးဆွေးနွေးမှုများနှင့်အညီ လိုက်လျော ညီထွေ စွာ ပြည်နယ်၊ ပြည်ထောင်စု၏ ကျန်း မာရေးစနစ်ကို ဆုံချက်ရယူ တည်ဆောက်ပြီး သည်အထိ ဆက် လက် ဆောင် ရွက်သွားမည်ဟု ကျန်း မာရေးဆိုင်ရာ ဆုံချက်ရနိုင်ေ ရးေ ဆာင် ရွက်မည့် အစုအဖွဲ့-HCCG က ယနေ့ ပြောကြားလိုက်သည်။



HCCG ၏ ပြောခွင့်ရ ဒေါက်တာစင်သီယာမောင်က “အခု ပစ်ခတ်ရပ်စဲမှု အခြေအနေမှာ ကျမတို့ နယ်စပ်ကျန်း မာရေးအဖွဲ့ အစည်းတွေ အနေနဲ့လည်း ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကို တစုတ စည်းနဲ့ ရေရှည်မှာ အကျိုး ရှိတဲ့ ကျန်းမာရေးစနစ်တွေ ပေါ်ထွန်းလာတဲ့အထိ ဆောင်ရွက်သွားဖို့ ဆုံးဖြတ် ထားတာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အစိုးရနှင့် ညီညွှတ်သော တိုင်းရင်း သားလူမျိုး များ ဖက်ဒရယ်ကောင်စီ-UNFC တို့အကြား အမြော်အမြင်ရှိသည့် နိုင်ငံရေးဆွေးနွေးမှုမျိုးကို ကြိုဆိုကြောင်း၊ အနာဂတ်ကို မျှော်မှန်းသည့် တွေ့ဆုံဆွေးနွေးမှုများသည် လူသားချင်းစာနာသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် လွန်စွာ အထောက်အကူပြုစေပြီး လူထုနှင့်ပြည် နယ်အဆင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကိုအထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်းလည်း HCCG မှ ယနေ့ ကြေညာချက်ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့က UNFC နှင့် အစိုးရတို့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေး အကြို တွေ့ဆုံဆွေး နွေးပွဲတရပ် ကျင်းပခဲ့ပြီးနောက် ယခုလို ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး UNFC သည် တိုင်းရင်းသား အဖွဲ့များ၏ဆုံရပ်ဖြစ်သောကြောင့်နယ်စပ်ဒေသ၏ ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်များတွင် လူထုအခြေပြုအဖွဲ့များ အခန်းကဏ္ဍကို မြှင့်တင်ရန် လိုသည်ဟုလည်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။

“UNFC ဟာ တိုင်းရင်းသားအဖွဲ့တွေ ဆုံချက်ဖြစ်တဲ့အပေါ်မှာ ကျမတို့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးလုပ် ငန်းတွေ ဆောင်ရွက်တဲ့အခါ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ ဒေသရဲ့ဖွံ့ဖြိုးမှုတွေမှာ ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ၀ိုင်းဝန်ကူညီပံ့ပိုးပေးဖို့ တိုက်တွန်းလိုပါတယ်”ဟု သူမက ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်စဉ်အတွင်း တိုင်းရင်းသားလူထုများနှင့် အဖွဲ့အစည်းများသည် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာဖွဲ့စည်းပုံစနစ်များကို ကိုယ်တိုင်တည်ဆောက်ပြီး ပဋိ ပက္ခများဖြစ်ပွါးနေသောဒေသနှင့် အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမှီသည့် ဝေးလံ သီခေါင် သောဒေသများအတွက်အဓိကကျန်းမာရေး စောင့်ရှောက်သူများအဖြစ်ဆက်လက်တည်ရှိနေသည် ဟုလည်း HCCG ၏ ကြေညာချက်တွင် ပါရှိသည်။

ကျန်းမာရေးဆိုင်ရာဆုံချက်ရနိုင်ရေးဆောင်ရွက်မည့်အစုအဖွဲ့-HCCG ကို တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း(၄)ဖွဲ့နှင့် နယ်စပ်ဒေသအခြေစိုက် လူထုအခြေပြု ကျန်းမာရေးအဖွဲ့ အစည်း(၄)ဖွဲ့ဖြင့် စုပေါင်း ပြီး၂၀၁၂ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံဒေသအသီးသီးတွင် တည်ရှိနေပြီးသော လူထုအခြေပြု ကျန်းမာရေးစနစ် များသည် အနာဂတ်ကာလတွင် ဖြစ်နိုင်ခြေရှိသည်နှင့်အညီ နိုင်ငံတော်အစိုး ရနှင့် ပြည် နယ်ကျန်းမာရေးဌာနများ၊တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံတကာအလှူရှင်များအစိုးရမဟုတ်သော နိုင် ငံတကာအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာလူထုအခြေပြုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ ပါဝင်ပြီး အခြေခံလမ်းညွှန်မှု ၈ချက်ဖြင့် ဖွဲ့စည်းထားသည်။

HCCG အဖွဲ့ဝင်များမှာ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ် သားအဖွဲ့၊ကရင် ကျန်းမာရေးနှင့်ကယ်ဆယ်ရေး ဌာန ကရင်နီနယ်လှည့် ကျန်းမာရေး စောင့်ရှောက် မှုကော်မီတီ၊မယ်တော်ဆေးခန်း ၊မွန်အမျိုးသား ကျန်းမာရေးကော်မီတီ၊ အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မီတီနှင့် ရှမ်းကျန်းမာရေးကော်မီတီတို့ ဖြစ်ကြသည်။

ကေအိုင်စီ

No comments: