Tuesday,April23,2013
ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်း ရှိ အောင်ပိုင်ဖြိုး နာရီနှင့် တူရိယာဆိုင် တွင် တနင်္ဂနွေည ၁၀ နာရီခန့်က အနုကြမ်းစီးမှုတခုဖြစ် ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်း ကြားခဲ့သည်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဆိုင်အတွင်း ရေချိုးခန်းတွင် ဆိုင်ပိုင်ရှင်ဖြစ် သူ ဒေါ်နီနီအောင် (၅၇ နှစ်) သေ ဆုံးေ နကြော င်း တွေ့ရသည်ဟု သိရသည်။
ဆိုင်အတွင်း အဖိုးတန် လက်ဝတ်ရတနာများ၊ အဖိုးတန်နာရီများနှင့် တနေ့လုံးရောင်းချ ထားသော ငွေ များပျောက်ဆုံးနေကြောင်း၊ ဒေါ်နီနီအောင်သည် မျက်နှာတွင် ဖူးယောင်ဒဏ်ရာများနှင့် သေဆုံးနေကြောင်း အမှုစစ်ရဲအရာရှိ ဒုရဲအုပ် လှိုင်မျိုးဝင်းက ဧရာဝတီသို့ပြောသည်။
သေဆုံးသူ၏ သားဖြစ်သူ ကိုအောင်ပိုင်ထူးက ပြည်မြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွှင့်ထားကြောင်း၊ ရဲတပ်ဖွဲ့က တရားခံဖမ်းမိရန် စုံစမ်းနေကြောင်း သိရသည်။
ကောင်းမြတ်မင်း ~
ဧရာဝတီ

No comments:
Post a Comment