Monday, April 01, 2013

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင် အကြောင်း

Monday, April 1, 2013
မြတ်စွာဘုရားအလောင်းလျာသည်သုဇာတာသူဌေး ကတော်လှူဒါန်းသောဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တ ကွ အလှူခံဘုဉ်းပေး သုံးဆောင်တော် မူပြီးေ နာ က် ရွှေ ခွက်ကိုအဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အ တွင်းေ မျှာတော်မူခဲ့သည် ။ ညနေချမ်းအချိန်တွင် မဟာေ ဗာ ဓိညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခ ရီး၌ သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်း သမားလှူဒါန်းခဲ့သောမြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူခဲ့သည်။

ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။မာရ်ငါးပါးကိုအောင်မြင်ရာ ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြစ်သည်။ (ပရာဇိတ- ရှုံးအပ်ရာ၊ အ-မဟုတ်)။

အပရာဇိတပလ္လင်မြတ်

အဲဒီ အပရာဇိတပလ္လင်ဟာ အမြင့်လား၊အပြန့်အကျယ်လားဟုလည်းမေးကြသည်။ အဲဒီနေရာမှာတော့ အယူအဆအမျိုးမျိုး ရှိကြတယ်။ မဏိဒီပဋီကာကျမ်းပြုဆရာတော်၊ တောင်ခွင်သာသနာပိုင်ဆရာတော်တို့က (၁၄)တောင်အပြန့်အကျယ် ပမာဏရှိတဲ့ပလ္လင်လို့ မိန့်ဆိုကြပါသည်။

ပရိတ်ကြီးဋီကာ ကျမ်းပြုဆရာတော်၊ မုံရွေးဇေတဝန်ဆရာတော်တို့ကတော့(၁၄)တောင်အမြင့်ရှိတဲ့ ပလ္လင် လို့ မိန့်ဆိုကြပါသည်။ အကြောင်းအသီးသီးပြလို့ မိန့်ဆိုထားခြင်းဖြစ်၏။ မိမိတို့ကတော့ သဘောကျရာကို ယူကြဖို့ပါပဲ။


ကုသိုလ်ရဖို့က အဓိကပင်ဖြစ်၏။၎င်းအပရာဇိတပလ္လင်ပေါ်၌နေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူခဲ့ သည်။

၁။ ဒေဝပုတ္တမာရ်- မာရ်နတ်မင်းနှင့်တကွမာရ်စစ်သည်အပေါင်းကိုအောင်တော်မူသည်။( အပြင်ရန်များ ကို အောင်မြင်ခြင်းဖြစ်၏)။

၂။ ကိလေသာမာရ်- (၁၅၀၀) ကိလေသာအပေါင်းကို အောင်တော်မူသည်။

၃။ အဘိသင်္ခ`ါရမာရ်- ကုသိုလ်ကံ၊ အကုသိုလ်ကံအားလုံးကို ကုန်းခန်းအောင်မြင်တော်မူသည်။

၎။ ခန္ဓမာရ်- လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ အပါယ်ဘုံခန္ဓာ၊ ခန္ဓအားလုံးကို အောင်မြင်တော်မူသည်။

၅။မစ္စုမာရ်- သေခြင်းတရားကိုအောင်မြင်တော်မူသည်။(အတွင်းရန်များကို အောင်မြင်ခြင်းဖြစ်၏)။

ကျမ်းကိုး။ ။ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့ ကျမ်း။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မြတ်စွာဘုရားပွင့်တော်မူခဲ့သောမဟာဗောဓိညောင်ပင်ကြီး အောက်တွင် တည်ရှိနေသော
ဝီရဓမ္မ

No comments: