ကရင်ပြည်နယ်မှာ ရဲတပ်ရင်း ၂၂ တည်ဆောက်ရာမှာ
ပါဝင်သွားတဲ့ လယ်ဧက၇၀ ကျော်အတွက်ရဲတပ် ဖွဲ့ကနေ လှာကာကျေးရွာက မူလ
လယ်ပိုင်ရှင် ၁၃ ယောက်ကို လျော်ကြေးငွေ ကျပ် သိန်း ၄၅၀ ကျော်
ပေးအပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းစေအွာက ဒီဗွီဘီ ကို
ပြောပါတယ်။ ဒါဟာ ကရင်ပြည်နယ်က လယ်သိမ်းခံ တောင်သူတွေအနေနဲ့ ပထမဦးဆုံးအကြိမ် လျော်ကြေးပြန်ရတာဖြစ် ပါတယ်။ ဧပြီလ ၃ရက်နေ့မှာလည်း ဘားအံကနေ ၁၀
မိုင်ကျော်ဝေးတဲ့ လှိုင်ဝါးကျေးရွာမှာ ဘ၀သစ် အမှတ်(၇) အကျဉ်းစခန်း
တည်ဆောက်စဉ်က လယ်ဧက ၈၀၀ နီးပါး အသိမ်းခံရတဲ့ ကိစ္စ လယ် သမားတွေရဲ့
တင်ပြချက်ကို စုံစမ်းစစ်ဆေးပြီး ကရင်ပြည်နယ် အာဏာပိုင်တွေကို တင်ပြဖို့
လုပ်နေ တယ်လို့ ဒေါ်နန်းစေအွာက ရှင်းပြပါတယ်။
No comments:
Post a Comment