Tuesday, April 23, 2013
ဧပြီ၂၂ရက်ညကတိုက်ခက်ခဲ့သော လေပြင်းကြောင့် စစ်ကိုင်း-မန္တလေးဧ ရာဝတီ ကန်ပတ်လမ်းရှိ အမရ ပူရမြို့နယ် ငယ်တိုး တိုက်နယ် ဈေးကုန်းရပ် ကွက် မှလက်ပံပင် ကျိုးကျရာ လူနှစ်ဦး ထိခိုက်ဒဏ် ရာရရှိပြီးနေအိမ်၃လုံး ပျက်စီးခဲ့ကြောင်း သတင်း ရရှိသည်။
လက်ဖက်ရည်ဆိုင်၊ဈေးဆိုင်နှင့်သစ်အရောင်းဆိုင်(၃)ဆိုင်ပျက်စီးသွားခဲ့ကြောင်း၊ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ ဈေးရောင်းနေသောအသက်(၃၈)နှစ်အရွယ် မစန်းရီဆိုသူနှင့်အသက်(၁၃)နှစ်အရွယ်လက်ဖက်ရည်ဆိုင်စားပွဲထိုးကလေးငယ်ပြည့်စုံအောင်တို့ဖြစ်ကြောင်း၊ ၄င်းတို့၏ မိသားစုဝင်များက ပြောသည်။ "ကျွန်တော့ အမျိုးသမီးကဈေး ဆိုင်ဖွင့် ထားတာ ဆိုတော့ ဈေးရောင်းနေရင်း ဖြစ်သွားတာ။ခါးရိုးကျိုးသွားတယ်။ ခြေသလုံးရိုးကျိုးသွားတယ်။"ဟု ဒဏ်ရာ ရသူအမျိုးသမီး၏ ခင်ပွန်းကိုမောင်တင့်က ပြောသည်။
"ကလေးက ဘေးက ဈေးဆိုင်ကို သွားရင်းခုလိုဖြစ်တာပါ။ မေးစေ့ကွဲ သွားတယ်။မျက်နှာ နည်းနည်း လည်းပွန်းပဲ့သွားတယ်။"ဟုထိခိုက်ဒဏ်ရာရသူစားပွဲထိုး ကလေးငယ်၏အလုပ်ရှင်လက်ဖက် ရည် ပိုင်ရှင် မလှလှနွယ်က ပြောသည်။
ထိခိုက်ဒဏ်ရာရသူ(၂)ဦးမှာမန္တလေးဆေးရုံကြီးတွင် ဆေးကုသမှူခံယူနေပြီး အသက်အန္တရာယ်စိုးရိမ် ဖွယ်မရှိ့ကြောင်း မိသားစု ၀င်များက ပြောသည်။ မန္တလေးမြို့တွင်တိုက် ခက်ခဲ့သော လေပြင်းကြောင့် စစ်ကိုင်း-မန္တလေးကန်ဘောင်လမ်းတစ်လျှောက်ရှိ သက်တမ်းရင့် လက်ပံပင်နှင့်ကုက္ကိုပင်အချို့ လဲပြိုခဲ့သည်။
7Day News Journal

No comments:
Post a Comment