Tuesday,April23,2013
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေဟာ လာမယ့် ၂၀၁၅ခုနှစ်မှာ ကျင်းပ မယ့် ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင် တဲ့ အကြိုဆွေးနွေးပွဲ တစ်ခုကို လာမယ့် ဧပြီ ၂၆ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြမယ် လို့ သိရပါတယ်။ လာမယ့် ဆွေးနွေးပွဲဟာ ရွေးေ ကာက်ပွဲဆိုင်ရာ အချက်အလက်တွေကိုပြည်သူတွေ နားလည်အောင်ချပြဖို့အတွက် နိုင်ငံရေးပါတီတွေဆီကနေ အကြံဥာဏ်တောင်းခံတဲ့ ဆွေးနွေးပွဲဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြောပါတယ်။
ဒီလဆန်းပိုင်းကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးပါတီ ၅၀ လောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့အတွက် လာမယ့်ဆွေးနွေးပွဲဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အကြိမ် ဆွေးနွေးပွဲမှာ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်တင်မြှောက်တဲ့ စနစ်တခုကို အစပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြရာ၊အဲဒီ အဆိုကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၅၀ ကျော်ထဲ က နိုင်ငံရေးပါတီ၂၀လောက်က လက်ခံ ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီ တချို့က အဲဒီစနစ်ကို ကန့်ကွက် ခဲ့ကြ ကြပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီ PR စနစ် ကျင့်သုံးသင့် မသင့်ဆိုတဲ့ အဆိုကို ဇွန်လမှာ ပြန်လည် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ ဆိုပါတယ်။
RFA Burmese

No comments:
Post a Comment