Tuesday, May 07 ,2013
ယခုရက်ပိုင်း အတွင်းရှမ်းပြည်နယ်၌ ပြန်လည်ဖြစ် ပွားနေ သည့် တိုက်ပွဲများအဆုံးသတ်ရေးအတွက် ကြိုးစားသွားမည်...ဟု နိုင်ငံတော်သမ္မတက က တိပြုပြောကြား လိုက်သည်။ နိုင်ငံတော် သမ္မတ က နိုင်ငံရေးပါတီများနှင့် ယနေ့တွေ့ဆုံစဉ် အထက် ပါအတိုင်း ကတိပြုပြောကြား ခဲ့ခြင်းဖြစ်သည် ဟု ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောသည်။
နိုင်ငံတော်သမ္မတက တိုက်ပွဲများ ဆက်လက်မဖြစ်စေရေးအတွက် ဆောင်ရွက်ရာတွင် ၎င်းတစ်ဦးတည်း လုပ်ရုံဖြင့် မပြီးကြောင်းပြောကြားခဲ့ ပြီး အားလုံးပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ် ခဲ့ကြောင်းဦး ခွန်ထွန်း ဦး က ပြောသည်။
နေပြည်တော်တွင် မေလ ၅ ရက်က ပြုလုပ်သည့်နိုင်ငံရေးပါတီ အချို့နှင့်တွေ့ဆုံပွဲအတွင်း သမ္မတက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်များကြား ငြိမ်းချမ်းရေးဆွေးနွေးမှု များ အောင်မြင်မှု အချို့ရခဲ့ပြီး နောက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့သောကြောင့် ဒေသခံများက နယ်မြေငြိမ်းချမ်းမှုပျက်ပြားမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။
“လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့က ပြဿနာဖြစ်နေတာ။ ခံရတာကကြား ကပြည်သူ။ တပ်တစ်ခုထဲ တင်မရ ဘူး။အခြားလက်နက်ကိုင်တွေကလဲ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာ။ တစ်ချို့ နေရာတွေ မှာကတပ်ကြောင့် မဟုတ်ဘဲ အခြားလက်နက်ကိုင်တွေကြောင့် ထွက်ပေးရတာလဲရှိတယ်”ဟု သီပေါ မြို့နယ်မှ အမည် မဖော်လိုသူဒေသခံ တစ်ဦးကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် (SSPP\SSA) တို့ ဧပြီလ နောက်ဆုံး ပတ်နှင့် မေလ ဆန်းများအတွင်းက တိုက်ပွဲအချို့ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
SSPP\SSA နှင့်အစိုးရတို့ကြား ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် အပစ် အခတ်ရပ်စဲရေးသဘော တူလက် မှတ်ရေးထိုးခဲ့ကြသော်လည်း နှစ် ဘက်လက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲ အချို့ ဖြစ်ပေါ်ခဲ့သည်။
ရှမ်းပြည်နယ်အတွင်း အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်အစိုးရတပ်ဖွဲ့ဝင် များကြားဖြစ် ပွားခဲ့သောတိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာထွက်ပြေးနေရသော ဒုက္ခသည်များရာချီရှိနေ သည်။
7Day News Journal

No comments:
Post a Comment