Monday, May 06, 2013

သမ္မတချီးမြှင့်သည့်ဆုရသူများကို သံတမန်နိုင်ငံကူးလက်မှတ် နှင့် ပို့ကုန်သွင်းကုန်အခွင့်အရေးများ ထပ်မံချီးမြှင့်မည်

Monday, May06, 2013
အခွင့်အရေးများအနေနဲ့ နိုင်ငံ့စွမ်း ဆောင်ရည် ဆုချီးမြှင့်ခံရသည့် ပုဂိ္ဂုလ်(၁၂)ဦးအတွက် သံတ မန် နိုင်ငံကူးလက်မှတ် Diplomatic Pass port နှင့် နိုင်ငံတော်သမ္မတ ၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိ သည့် အားကစားအဖွဲ့ချုပ်(၂)ဖွဲ့ နှင့် လူပုဂိ္ဂုလ်(၂၂)ဦးတို့ကို Green Channel ချီးမြှင့်ပေး မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သံတမန်နိုင်ငံ ကူး လက်မှတ်သည် သမ္မတ၏ ခွင့်ပြု ချက်ဖြင့်သာ ကိုင်ဆောင်ခွင့်ရရှိ ခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်သည့်အခါ သာမန် နိုင်ငံကူးလက်မှတ်များထက် သွား လာရအဆင်ပြေကြောင်း သိရ သည်။ ဆိပ်ကမ်းများ၊ လေဆိပ် များမှတဆင့် ၀င်ရောက်ထွက်ခွာ မည့် ပို့ကုန်၊ သွင်းကုန်များ ကို ဆောင်ရွက်သည့်အခါ Green Channel, Yellow Channel, Red Channel ဟူ၍ အဆင့်(၄)ဆင့် သတ်မှတ်ထားပြီး Green Channel မှာ လုံးဝယုံကြည်စိတ်ချရ သော အဆင့်အတန်းဖြစ်သော ကြောင့် အကောက်ခွန်ရှင်းလင်း ရေးဆောင်ရွက်ရာတွင် အထူး စစ်ဆေးခြင်းဗဟိုပဲ နိုင်ငံတော်က သတ် မှတ်ပေးသော အခွင့်အရေး တစ်ခုဖြစ်သည်။

ယင်းဆုရရှိသူများသည် အခွင့်အရေးနှင့်ပတ်သက်ပြီး ခံစား ခွင့်ကို သက်တမ်းမသတ်မှတ်ထား ဘဲ မိမိတို့၏ ဂုဏ်နှင့်အစဉ်အလာ ကို ဆက်လက်ထိန်းသိမ်းထားနိုင် သရွေ့ ခံစားခွင့်ပြုမည်ဖြစ်ပြီး စည်းကမ်း ချိုးဖောက် ပါက ဆု၏ အကျိုးကို ဆက်လက်ခံစားခွင့်ရှိ မည်မဟုတ်ကြောင်းလည်း သိရ သည်။ သမ္မတ၏ ဆူများ ကို နောင် နှစ်တွင်လည်း ထပ်မံချီးမြှင့်ပေး ဦးမည်ဖြစ်ပြီး ခံစားခွင့်များကို လည်း ဆက်လက်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ကိုအောင်
HotNewsWeekly

No comments: