Sunday, May 12, 2013
မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးရေးဘဏ်လီမိ တက်အား ယခင်က Semi Government အဖြစ်ရပ် တည်နေရာမှ ယခုအခါ အများပိုင် ဘဏ်စစ်စစ် အဖြစ်ပြောင်းလဲ လိုခြင်းကြောင့် အမည်သစ် သစ်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ မြန် မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးရေး ဘဏ်လီမိ တက်အားမြန်မာ့ရတနာဘဏ် လီမိတက်အဖြစ် အမည် သစ်ပြောင်းလဲသည့် အခမ်းအနားကို ယနေ့ မနက် ၁၀ နာရီတွင် ယုဇန ဟိုတယ်၌ ကျင်းပ ခဲ့သည်။ ယခင်က Semi Government အဖြစ် ရပ်တည်နေရာမှ ယခုအခါ အများပိုင်ဘဏ်စစ်စစ် အဖြစ်ပြောင်းလဲ လိုခြင်းကြောင့် အမည်သစ်သစ်ပြောင်း လဲလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ အမည် သစ်ပြောင်းလဲလိုက်သောမြန်မာ့ရတနာဘဏ်လီမိတတ်သည် ၁၉၉၆ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဘဏ်စတင်လုပ်ကိုင်စဉ် အစိုးရထံမှ ချေးငွေအဖြစ်ရယူခဲ့သော ကျပ်သန်း(၁၀၀၀) ကို ၂၀၀၄ ခုနှစ် ဧပြီတွင် အတိုးငွေနှင့် တကွပြန်လည်ပေးဆပ်ပြီးဖြစ်သောကြောင့် အစိုးရနှင့်မသက်ဆိုင်သော အများပိုင်ဘဏ် တစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့ရတနာ ဘဏ်လီမိတတ် သည် လက်ရှိတွင် နေပြည်တော် ၊ရန်ကုန်၊မန္တလေး၊မကွေး၊ပဲခူး၊စစ်ကိုင်း၊ ဧရာဝတီ၊တနသာင်္ရီ တိုင်းဒေသကြီး များ၊မွန်၊ကရင်၊ရှမ်း၊ရခိုင် ပြည်နယ်များတွင်ဘဏ်ခွဲပေါင်း(၆၀) ဖွင့်လှစ်လုပ်ကိုင်နေပြီး ယခုဘဏ္ဍာနှစ် တွင်ဘဏ်ခွဲ (၉)ခု ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
Popular Myanmar News

No comments:
Post a Comment