Sunday, May 12, 2013
JTWC (ဟာဝိုင်အီအခြေစိုက် အမေရိကန်ရေ တပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်း သတိပေး စင်တာ)ရဲ့ ဒီကနေ့မနက် ထုတ်ပြန်သတိပေးချက်အရ လာမယ့် ၁၂ နာရီ နောက်ပိုင်းမှာ အရှေ့မြောက်ဘက်ကို ချိုးကွေ့တဲ့ အခါ ရွေ့လျားမှုနှုန်း အနည်း ငယ် နှေးကွေးသွားပြီး ပိုမိုအားကောင်းတဲ့ ဆိုင်က လုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
အဲဒိ့နောက် လာမယ့် ၉၆ နာရီနောက်ပိုင်းကျရင် ဆိုင်ကလုန်းမုန်တိုင်း MAHASEN ဟာ အင်အားကောင်း ဆိုင်ကလုန်းမုန်တိုင်း အဆင့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မြောက်ဘက်ကနေ ကုန်းတွင်း ကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
အခုလက်ရှိအချိန်အထိ တိုင်းထွာခန့်မှန်းချက်တွေအရ မုန်တိုင်းဟာမြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက် တိုက်ခတ်နိုင်ဖွယ် အခြေအနေ မရှိပေမယ့် JTWC သတိပေးချက်ထဲမှာတော့ မုန်တိုင်း လေပြင်းတိုက်ခတ် ခံရနိုင်ဖွယ် ရှိနေတဲ့ ဧရိယာအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ (ပုံပါစက်ဝန်းအတိုင်း) ပါဝင်နေ ဆဲဖြစ်ကြောင်း တွေ့မြင်ရပါတယ်။
Ref: JTWC+mmweather page

No comments:
Post a Comment