Friday, May 10, 2013
အထင်ကရ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း ကြီးဖြစ်တဲ့ Google ကုမ္ပဏီရဲ့ သြစတြေးလျ အခြေစိုက်ရုံးခန်း က ကွန်ပျူတာထိန်း ချုပ်စနစ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ အမေရိ ကန်ပြည်ေ ထာင်စုအခြေစိုက် ကွန်ပျူတာလုံခြုံရေး သုတေ သနအဖွဲ့က သြစတြေးလျနိုင်ငံ အနှံ့အပြားက အဆောက် အဦးတွေရဲ့ ထိန်းချုပ်စနစ်တွေ ဟာ ထိုးဖောက်ဝင်ရောက်ဖို့ လွယ်ကူနေတယ်လို့ပြော လိုက်ပါတယ်။
ဆစ်ဒနီမြို့မှာရှိတဲ့ Google ရုံးတည်ရှိရာ အဆောက်အဦးရဲ့ လေအေးပေးစနစ်ကို အင်တာနက်ကတဆင့် ထိုးဖောက်ဝင်ရောက်ပြီး အဝေးကနေ လိုသလိုထိန်းချုပ်နိုင်ခဲ့တဲ့ အဖွဲ့က အခုလို ပြောလိုက် တာဖြစ် ပါတယ်။
ကမ္ဘာ့နိုင်ငံအနှံ့အပြားက အဆောက်အဦးပေါင်း ၂ သောင်းခွဲကျော်ဟာ Google အဆောက်အဦးလိုမျိုး အင်တာနက်ကတဆင့် ထိုးဖောက်ဝင်ရောက်ပြီး ချုပ်ကိုင်တာခံရနိုင်ဖွယ်ဖြစ်နေတယ်လို့လည်း အဆိုပါ သုတေသနအဖွဲ့က ပြောပါတယ်။ အဲဒီထဲကမှ အဆောက်အဦး ၁၀၀ ကျော်ဟာ သြစတြေးလျနိုင်ငံက အဆောက်အဦးတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆောက်အဦးတွေကို ထိန်းချုပ်ထားတဲ့စနစ်တွေအပေါ်လိုက်ပြီး ဓါတ်လှေကားအတက်အဆင်း အဖွင့် အပိတ်စနစ်၊ အလိုအလျောက်သော့ပိတ် သော့ဖွင့်တဲ့စနစ်၊ မီးဘေး အချက်ပေး ဥသြသံစနစ် စတာတွေကို အင်တာနက်ကတဆင့် ထိုးဖောက်ဝင်ရောက် ထိန်းချုပ်နိုင်တယ်လို့လည်း ပြောပါတယ်။
သြစတြေးလျက ဘဏ်လုပ်ငန်းတွေနဲ့ ဆေးရုံတွေကိုလည်း အဲဒီလို ထိုးဖောက်နိုင်တယ်လို့ ဆိုပါတယ်။
အင်တာနက်ကတဆင့် ထိုးဖောက်ခံရဖို့ လွယ်ကူတယ်လို့ သုတေသနအဖွဲ့က မှတ်ချက်ပေးထားတဲ့ သြစတြေးလျဆေးရုံစာရင်းထဲမှာပါတဲ့ North Shore ပုဂ္ဂလိကဆေးရုံကတာဝန်ရှိသူတွေကတော့ သူတို့ဆေးရုံရဲ့ ထိန်းချုက်စနစ်တွေကို စစ်ဆေးကြည့်ရာမှာ ထိုးဖောက်ဝင်ရောက်ခံခဲ့ရတဲ့ အထောက်အ ထား တစုံတရာ မတွေ့ရဘူးလို့ ငြင်းချက်ထုတ်ထားပေမယ့်ဆေးရုံရဲ့ ကွန်ပျူတာထိန်းချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး လုံခြုံရေးစနစ်တွေကိုပိုပြီးတင်းကျပ်လိုက်တာကိုတော့ သိခဲ့ရတယ်လို့ သတင်းထောက် Jake Sturmer က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia

No comments:
Post a Comment