Tuesday, May 07, 2013

ငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့ဝင်အချိ ပါဝင်ပတ်သက်မှုရှိနေ

 ငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့ဝင်အချိ ပါဝင်ပတ်သက်မှုရှိနေတရုတ်နိုင်ငံတွင် မြန်မာငွေစ က္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့မှ အချို့ ပါဝင် ပတ်သက်မှုရှိနေ မေလ ၇ ရက် ၂၀၁၃ ယခုနှ စ် အေပြီလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် တ ရုတ်နိုင်ငံသားများ ထံမှ မြန်မာငွေကျပ် (၅၀၀၀) တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက် ၍ တရုတ်အစိုးရ တာဝန်ရှိသူများမှ တရုတ်နိုင်ငံ တွင်း ကွင်းဆက် တရားခံများအား ဖမ်းဆီးဖော် ထုတ်ခဲ့ရာ အေပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် တရားခံ(၆) ဦးအား မြန်မာငွေစက္ကူအတုပြုလုပ်သည့်စက်(၇)လုံး၊ မြန်မာငွေအတု(၅၀၀၀) တန်နှင့် (၁၀၀၀၀)တန် ၁၁.၄ ကုဋေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိ သည်။ ငွေစက္ကူအ တုပြုလုပ်သူများအနေဖြင့် စုစုပေါင်း ငွေစက္ကူအတု(၂၀)ကုဋေဖိုး ထုတ်လုပ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် ငွေ စက္ကူအတုမှာ (၁၃)ကုဋေခန့်သာ ရှိသေး သဖြင့် (၇)ကုဋေခန့်မှာ ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးကြောင်း တရား ခံများက ထွက်ဆိုခဲ့သည်။ ဖမ်းဆီးရမိခဲ့သော တရားခံများတွင် KIO အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ရှိသူ အချို့ ပါဝင်ပတ်သက်လျက် ရှိကြောင်း သိရှိရပြီး ယခုအခါ လိုင်ဇာရှိ ၎င်းတို့၏အိမ်နှင့် ပိုင်ဆိုင်မှု လုပ်ငန်း အချို့အား KIO မှ ချိတ်ပိတ် သိမ်းဆည်းထားကြောင်း သိရှိရသည်။ ယခုအခါ တရုတ်နိုင်ငံမှာ ပြုလုပ် သည့် မြန်မာကျပ်ငွေ (၅၀၀၀)တန်နှင့် (၁၀၀၀၀)တန်အတုအချို့ မြန်မာငွေကြေးဈေးကွက်အတွင်း လည်ပတ်နေသည် ဟု ယူဆရကြောင်း၊ မြန်မာနိုင်ငံ ငွေကြေးဈေးကွက် ကို မထိခိုက်နိုင်ကြောင်း မြန် မာ့စီးပွားဘဏ်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ ငွေတုပြုလုပ်သူများ အနေဖြင့် ၎င်းငွေကြေး များအား ကျောက်စိမ်းနှင့် သစ်များဝယ်ယူရာတွင် အသုံးပြုလျက် ရှိသည်။ ငွေစက္ကူအတုများ အနေဖြင့် သေသေချာချာကြည့်ရှုပါက အတုနှင့်အစစ်ခွဲရ လွယ်ကူကြောင်း သိရှိရပြီး ငွေအတုနှင့်အ စစ်ခွဲခြားပုံအား နိုင်ငံပိုင်သတင်းစာများတွင်လည်း သတိပေးဖော်ပြခဲ့သည်။ ကိုချို(ရွှေလီ) Yingyin post China တရုတ်နိုင်ငံမှရင်ကျန်းမြိုတွင်ဖမ်းဆီးရမိခဲ့သော မြန်မာငွေစက္ကူအတုများ ထုတ်လုပ်ရာတွင်အ သုံးပြုခဲ့သောပုံနိပ်စက်များ ---- မူရင်းလင့် - https://www.facebook.com/pages/Myanma-Light/146261005536139

No comments: