Saturday, May 11, 2013
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ လမ်းအခြေ အနေနဲ့ လမ်းပိုင်း တလျှောက်ဆောင် ရွက်သင့် တဲ့ကိစ္စတွေ ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န် ကြီးဌာနက အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူ အညီပေးရေး အဖွဲ့ဖြစ်တဲ့ USAID တို့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေး ၀န်ကြီးဌာန ၀န်ကြီးရုံးမှာ USAID က တာဝန်ရှိသူ တဦးဖြစ်တဲ့ အင်ဂျင်နီယာချုပ် Mr. Sam Nassif နဲ့ အဖွဲ့တွေဟာ ဆောက်လုပ်ရေး ၀န်ကြီး ဦးကျော်ကျော်လွင် တို့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေး ခဲ့ကြ တာ ကို ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ဧရာဝတီblog

No comments:
Post a Comment