31 Friday, May 2013
အသက်၁၈ နှစ်အရွယ် ကျောင်းသူတစ်ဦးရဲ့ကျေး ဇူးကြောင့် အားကုန်နေတဲ့ မိုဘိုင်းဖုန်း တစ်လုံးကို အားအပြည့် သွင်းနိုင်ဖို့ နာရီနဲ့ချီပြီး စောင့်ရတယ်ဆို တာကို အတိတ်မှာထားခဲ့ရတော့မှာပါ။ စက္ကန့်(၂၀) ကနေမိနစ်ဝက် အတွင်းအားအပြည့်သွင်းနိုင်တဲ့စွမ်း အင်သိုလှောင်စနစ်ကိုဖန်တီးခဲ့တဲ့ သူမဟာနိုင်ငံတ ကာသိပ္ပံပွဲတော်မှာ ဆုငွေအဖြစ်ဒေါ်လာ ၅၀,၀၀၀ ရရှိသွားပါတယ်။ သူမတီထွင်ခဲ့တဲ့ Super Capac itor လို့ခေါ်တဲ့ စွမ်းအင်သိုလှောင်စနစ် ပါဝင်တဲ့ကိ ရိယာ ဟာလျှပ်စစ်စွမ်းအားအများ အပြားကိုသေး ငယ်တဲ့နေရာတွေမှာ သိုလှောင်ထားနိုင်ပြီး အလျင် အမြန်အားသွင်းနိုင် တယ်လို့ဆိုပါတယ်။ Super Capacitor ရဲ့သက်တမ်းက 10,000 charge-recharge cycles ရှိပြီး သာမန်ဘက်ထရီတွေရဲ့ သက်တမ်း 1,000 Cycles နဲ့နှိုင်းယှဉ်နိုင် တယ်လို့တီထွင်သူ Eesha Khare ကဆိုထားပါတယ်။
သရုပ်ပြမှုမှာတော့သူမက Light Emitting Diode (LED) ကိုစွမ်းအားထောက်ပံ့ပေးဖို့ Super Capacitor ကိုအသုံးပြုခဲ့ပေမယ့် သူမရဲ့တီထွင်မှုကိုဒီ့ထက်ပိုပြီးတောက်ပတဲ့အနာဂါတ်ကစောင့်ကြို နေမှာပါ။ Super Capacitor ကိုအနည်းငယ်ပြုပြင်လိုက်တာနဲ့ ယနေ့ကမ္ဘာမှာအကြီးအကျယ် လူကြိုက်များနေတဲ့မိုဘိုင်းကိရိ ယာတွေမှာပါ သုံးစွဲနိုင်ပြီး အသုံးပြုသူတွေအနေနဲ့ အချိန်အတော်ကြာအား သွင်းရတဲ့ဒုက္ခကနေ ကင်း လွတ်စေမှာပါ။
Khare ကတော့သူ့ရဲ့တီထွင်မှုအတွက် International Science and Engineering Fair မှာ Intel Foundation Young Scientist Award ရရှိခဲ့ပါတယ်။ Intel Foundation က ကြီးမှုးပြီးကျင်းပတဲ့ ဒီပွဲကိုအမေရိကန် အရီဇိုးနားပြည်နယ် မှာရှိတဲ့ Phoenix မြို့မှာကျင်းပခဲ့တာပါ။
(စည်သူနေနိုင်)
Guide Magazine

No comments:
Post a Comment