Friday, June 28, 2013

“ပီကေး၏ စပိန်အသင်းပွဲစဉ်အား ရှကီရာ အားပေးကြည့်ရှု”

Friday, June 28, 2013


ဘရာဇီးလ်တွင် စပိန် လက်ရွေးစင် ဘောလုံးအသင်းနှင့်အတူ ပါဝင် ကစားနေသော ချစ်သူဂျရတ်ပီကေး အား ရှာကီရာက လိုက်လံအားပေးခဲ့ကြောင်းသိရှိရသည်။ ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲအဖြစ် အီတလီ ကို စပိန်က ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရခဲ့ရာတွင် ဘာစီလိုနာအသင်း၏ ဗဟိုနောက်ခံလူကို ရှာကီရာ က လိုက်လံအားပေးခဲ့ခြင်း ဖြစ်သည်။

ကိုလံဘီယာ ကြယ်ပွင့် အဆိုတော်သည် ဘောလုံးပွဲကို စိတ်ဝင်တစား ကြည့်ရှုခဲ့သလို စပိန်ဘက်မှ စိတ်အား ထက်သန်စွာ အားပေးနေခဲ့သည်ကို တွေ့ရှိရသည်။

အသက်(၃၆)နှစ်ရှိ ရှာကီရာသည် သူမထက်(၁၀)နှစ်ငယ်သည့် ပီကေးနှင့်အတူဘရာဇီးလ်သို့လိုက်ပါလာ ခြင်း အခြားပရိသတ်များနှင့် ရောနှောပြီးပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့သည်။

ဖော်တာလန်ဇာတွင် ကစားသောပွဲစဉ်မှာ အကြိတ်အနယ် ဖြစ်ခဲ့သလို အီတလီကလည်း ကမ္ဘာ့ချန်ပီယံ စပိန်အသင်းကို တန်ပြန် ခြိမ်းခြောက်နိုင်ခဲ့သဖြင့် ရှာကီရာအတွက် အားမလို အားမရ ဖြစ်နေခဲ့ရသည်။ ယင်းတို့ စုံတွဲ၏ (၆)လအရွယ် သားငယ်လေး မီလန်သည် အဆိုပါ ပွဲစဉ်အတွက် လိုက်ပါလာခြင်း မရှိချေ။

ရှာကီရာသည် ငယ်ရွယ်သေးသော ကလေးငယ်အား ယခုပွဲသို့ ခေါ်ဆောင်လာခြင်း မရှိသော်လည်း ၎င်းအတွက် သင့်တော်သည့်အရွယ်အစား ဘောလုံးငယ်လေးတစ်ခု ဝယ်ပေးထားကြောင်းမူ သိရှိရသည်။ ရှာကီရာနှင့် ပီကေးတို့သည် (၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အဖွင့်သီချင်းအဖြစ် #Waka #Wakaကို ရိုက်ကူးရာမှ တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

No comments: