Saturday, June 08, 2013
မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာ ရင်းများကိုယနေ့နံနက် တစ်နာရီမထိုးမီ အချိန်ကတည်းကပင် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်း (၇) တွင် ကြေညာ လိုက် ပြီဖြစ်ကြောင်း သိရသည်။ တစ်နိုင်ငံလုံး ရှိ တက္ကသိုလ်ဝင် တန်းအောင်စာရင်းကြေညာချက်ထုတ်ပြန်ပေးသော ကျောင်း များမှာ ရန်ကုန်မြို့တွင် အ.ထ.က (၁)လသာ၊ အ.ထ.က(၁) လမ်းမတော်၊ အ.ထ.က(၁)အင်းစိန်၊ အ.ထ.က(၃) ကမာရွတ်၊ အ.ထ.က(၁)ရန်ကင်း၊ အ.ထ.က(၁)သင်္ဃကျွန်းနှင့် အ.ထ.က (၂)ဒဂုံတို့ ဖြစ်ကြောင်း သိရသည်။ ဗိုလ်တစ်ထောင် မြို့နယ် တွင် ဖြေဆိုထားသော ကျောင်းသား/သူများအတွက် အ.ထ.က(၆)ဗိုလ်တစ်ထောင်တွင် အောင်စာရင်းများ ကြည့်ရှု
နိုင်ကြောင်းလည်း သိရသည်။
The Myanma Age

No comments:
Post a Comment