Wednesday, June 12, 2013

ဝင်ရိုးစွန်းတွင် ခရီးသွားရန် ကား

Wednesday, June 12, 2013
ပြင်သစ် ဒီဇိုင်နာ Matthieu Tarrit က Concept အနေနဲ့ ဖန်တီးပြသ လိုက်တဲ့ကား ဖြစ်ပါတယ်။ အ မှန်တကယ်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေပါပြီ။ ရည်ရွယ်ချက်ကတော့ ရာသီဥတု ကြမ်းတမ်း တဲ့ ဒေသတွေကို လေ့လာရေး ခရီးသွားစေနိုင် ဖို့ဖြစ်ပါတယ်။ အတွင်းခန်းဟာ လုံလောက်သော အကျယ်နဲ့ ပစ္စည်းအစုံအလင်ပါရှပြီး နေထိုင်ရန် သင့်တော်မှာ ဖြစ်။ ပြတိုက်အနေနဲ့လည်း အသုံးပြု လို့ ရစေမှာ ဖြစ်ပါတယ်။ ကားရဲ့ ဘီးကိုတော့ ပုံ မှာ မြင်တွေ့ရတဲ့အတိုင်း တင့်ကား သံကြိုးကို အသုံးပြု ပါတယ်။ သို့ပေမယ့် နေရာဒေသ အ လိုက် ပြောင်းလဲနိုင်တဲ့ ဘီးအမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ဝင်ရိုးစွန်း၊ မြောက်ဝင်ရိုးစွန်းနဲ့ အခြားသော အေးခဲ့တဲ့ ဒေသတွေကို လေ့လာရေး ခရီးထွက်ချင်တဲ့အခါ အသုံးဝင်မယ့် ကားမို့ စိတ်ဝင်စားနေကြပါတယ်။

ယင်းကားကို International Polar Foundation အမည်နဲ့ အဖွဲ့ဖွဲ့လို့ကြိုးစား ဖန်တီးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
--
techblog
ColayOnline
ColayOnline:Automobile

No comments: