Monday, June 10, 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံရတာ အံ့သြ၀မ်းသာရကြောင်း ဖိလစ်ပိုင် သမ္မတပြောကြား

Monday, June 10, 2013
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် ခေတ္တတွေ့ ဆုံရချိန် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရကြောင်း ဖိလစ် ပိုင် သမ္မတ ဘင်နီနို အကွီနိုက ပြောကြား လိုက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရတာဟာ သမိုင်းဝင် ပုဂ္ဂိုလ်တဦးနဲ့ တွေ့ရတာမျိုးဖြစ်သလို သူ့ကိုယ်ရေး ကိုယ်တာ အဖြစ်အပျက်တွေနဲ့လည်း ဆက်စပ်နေတဲ့အတွက်ဖြစ်တယ်လို့ သောကြာနေ့ က သတင်းစာ ရှင်းလင်း ပွဲမှာ ဖိလစ်ပိုင်သမ္မ တ က ပြောကြောင်း ဒီကနေ့ မနီလာမှာထုတ်ဝေတဲ့ The Philippine Daily Inquirer သတင်းစာ က ရေးပါ တယ်။

သူ့ဖခင် နီနွိုင်းအကွီနိုနဲ့ မိခင်ဖြစ်သူ ကိုရာဇန် အကွီနိုတို့ မတရားဖိနှိပ်မှုမျိုးတွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ နည်းတူ ဒေါ်အောင်ဆန်းစုကြည်လည်း ရင်ဆိုင်ခံစားခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ စ ကားပြော ရတာကို အံ့သြ၀မ်းသာဖြစ်ခဲ့ရကြောင်းလည်း ဖိလစ်ပိုင်သမ္မတက ၀န်ခံပြောကြားပါတယ်။

ဖိလစ်ပိုင်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံခဲ့ တာ ဖြစ် ပါတယ်။

ဖိလစ်ပိုင်သမ္မတရဲ့ ဖခင်ဖြစ် နီနွိုင်း အကွီနိုဟာ အာဏာရှင် သမ္မတဟောင်း မားကို့စ်ကို ဆန့်ကျင်ပြီး ဖိလစ်ပိုင်မှာ ဒီမိုကရေစီစနစ်ပြန်ထွန်းကားဖို့ ကြိုးပမ်းရင်း ၁၉၈၃ မှာ လေဆိပ်မှာ လုပ်ကြံခံခဲ့ရ သူဖြစ် ပါတယ်။

မိခင် ကိုရာဇုန်အကွီနိုကတော့ ခင်ပွန်းဆုံးအပြီး ၁၉၈၆ မှာစစ်တပ်ရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့ အာဏာ ဆန္ဒပြပွဲကြောင့် သမ္မတဟောင်းမားကို့စ်ကိုဖြုတ်ချနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဖိလစ်ပိုင် သမ္မတဖြစ်လာ သလို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ရေးကို ကွယ်လွန်တဲ့ အထိ ထောက် ခံတောင်းဆိုခဲ့သူ ဖြစ်ပါတယ်။

RFA Burmese

No comments: