Sunday, June 30, 2013

မိမိအပါအ၀င် အစိုးရ ၀န်ကြီးများ မဟုတ်တာလုပ်တာ သေချာပါက တရားစွဲ ဆိုရန် သမ္မတရုံးဝန်ကြီး တိုက်တွန်း


Sunday, 30 June 2013


မိမိအပါအ၀င် အစိုးရ၀န်ကြီးများ မဟုတ်တာလုပ်တာ သေချာပါက တရားစွဲဆိုရန် သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။

အစိုးရသစ်သက်တမ်း နှစ်နှစ်တာ ကာလအတွင်း မီဒီယာ လွတ်လပ်ခွင့်နှင့် ၀န်ကြီးများ၏ ပြောဆိုမှုများ အပေါ် ရေးသားချက်များနှင့်ပတ်သက်၍ ယင်းကဲ့သို့ ပြည်ထောင်စု ၀န်ကြီးများသည် မမှန်မကန် လုပ်ရပ် များရှိသည်မှာသေချာလျှင်တရားစွဲဆိုနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "ဟိုတစ်ခါ debate မှာ မေးသလို ကျွန်တော်တို့ မီဒီယာ လွတ်လပ်ခွင့်က အမေရိကန်လိုဖြစ်ဖို့ နည်းနည်းလိုဦးမယ်။ အရှေ့တောင်အာရှမှာ ကြည့်မယ်ဆိုရင် စင်ကာပူတို့၊ ဗီယက်နမ်တို့ တရုတ်တို့ထက်သာတာ တွေ့ရတယ်။ ယခင်ကထက်စာရင် အခုကျွန်တော်တို့ကို တွေ့လို့ရတယ်။ မေးလို့ရတယ်။ အရင်တုန်းက ဘယ်ရမလဲ။ ခင်ဗျားတို့လည်း ရေးလို့ရတယ်။ ဒါပေမယ့် ဖြတ်သန်းလာတဲ့ နှစ်နှစ်တာမှာ တစ်ခါတလေ တစ်ပိုင်းတစ်စလေးနဲ့ ကျွန်တော်တို့ ဒုက္ခရောက်သွား
တာတွေ ရှိသလို တစ်ခါတလေကျရင် ကျွန်တော်တို့ကို နာမည်မဖော်ရုံတစ်မယ် စွပ်စွဲတာတွေကြတော့ သတိပြုဖို့လိုတယ်။ သေချာတယ်ဆိုရင် တရားစွဲလိုက်ပါ။ ဘယ်ဝန်ကြီး၊ ဘယ်အသိုင်းအ၀ိုင်းက ဘာတွေ မဟုတ်တာ လုပ်နေတယ်ဆိုတာ သေချာရင် တရားစွဲလိုက်ပါ။ ဒါကောင်းတာပေါ့။ထင်ယောင်ထင် မှား ကျတော့ မီဒီယာနဲ့ ရန်ဖြစ်ရတာ ဘယ်ကောင်းမလဲ" ဟု ပြောကြားသည်။

အစိုးရ ၀န်ထမ်းများ၏ လစာနှုန်းထား ဖော်ပြမှုများတွင် ပြည်ထောင်စု ၀န်ကြီး၏ တရားဝင်လစာမှာ ၆၀၀၀၀၀ ဖြစ်ပြီး ဒုတိယ ၀န်ကြီးတစ်ဦး၏ လစာမှာ ၄၅၀၀၀၀ ဖြစ်သည်။ ထို့ပြင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သမ္မတထံ တင်ပြထားပြီး ဖြစ်ကြောင်းလည်း ကြားသိရပါသည်။ သို့သော်လည်း နိုင်ငံတကာနည်းတူ ယင်းကဲ့သို့ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၏ ပိုင်ဆိုင်မှု အလုံးစုံကို အများပြည်သူသို့ တရားဝင်ထုတ်ပြန် ကြေညာထားခြင်း မရှိသေးကြောင်းလည်း သိရသည်။

eleven media group

No comments: