Monday, June 10, 2013
တနင်္သာရီတိုင်း ထားဝယ်ရေနက် ဆိပ်ကမ်းဧရိ ယာမှာ စီမံကိန်းကြောင့် နစ်နာရမှုတွေကို ထိုင်း အစိုးရထံ တင်ပြသွားမယ့် အကြောင်း ထိုင်း အမျိုး သား လူ့အခွင့် အရေး ကော်မရှင် ဥက္ကဌက ဒီနေ့ တွေ့ဆုံစဉ် ကတိပေး ပြောကြား လိုက်ပါ တယ်။ ထိုင်းလူမှုရေးခေါင်းဆောင် တဦးဖြစ်သူ ဆူလတ် ဆီဝါရတ် (Sulak Sivaraksa) နဲ့အတူ ထားဝယ်ဒေသကို ရောက်ရှိလာတဲ့ ထိုင်းအစိုးရ လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ အမရာ ပေါင်ဆာပစ် (Amara Pongsapich)က ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ထားဝယ်ဆိပ်ကမ်းစီမံကိန်းဒေသ နဘုလယ်နဲ့ ကလုံးထာကျေးရွာတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ ထိုင်းလူ့အခွင့်အရေးကော်မရှင်က သူတို့ အကြိုလာရောက်စစ်ဆေးတာဖြစ်တယ်၊ ထိုင်းကုန်စည်တွေကို လည်း ခေါ်ယူမေးမြန်းတာတွေ တရားဝင်စစ်ဆေးမှုတွေကို ဆက်ပြီးလုပ်သွားမယ်ဆိုတာ ကတိပြုသွား တယ်”
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာမှာ စီမံကိန်း ဆောက်လုပ်ဖို့အတွက် ရွှေ့ပြောင်းခံရ တဲ့ ကျေး ရွာတွေ အကြောင်းနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့အကြောင်းတွေကို ဒေသခံတွေဖက်က တင်ပြခဲ့ကြ ပါတယ်။
ဒါ့အပြင် ထိုင်းလူမှုရေး ခေါင်းဆောင် ဆူလတ်ဆီရာဝတ်ဟာ မနက်ဖြန် ထားဝယ်မြို့မှာ ကျင်းပ မယ့် ဆွေးနွေးပွဲ တခုမှာ ဟောပြောဖို့ရှိတယ်လို့ သိရပါတယ်။
RFA Burmese

No comments:
Post a Comment