Wednesday, June 12, 2013

အကြမ်းဖက်တရားခံများကို ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားရဲမှူး ကတိပေး

Wednesday, 12 June 2013
မလေးရှားနိုင်ငံတွင် မေလကုန်ပိုင်းမှစပြီး မြန်မာအ လုပ်သမားများ သေဆုံးဒဏ် ရာရရှိမှုများအပေါ် အကြမ်းဖက် တရားခံများအား ဖော်ထုတ် အရေး ယူပေးမည်ဟုမလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြောဆိုသွားကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော် က ဇွန်လ ၁၁ ရက်တွင်ပြော ဆိုလိုက် သည် ။ မလေးရှားနိုင် ငံရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ကူညီဆောင်ရွက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးဒေါ်ဝင်းမော် ထွန်း တို့ပါဝင်သည့် ကိုယ်စားလှယ် လေးဦးက ဇွန်လ ၁၁ ရက် ညနေတွင် မလေးရှားသို့ ထွက် ခွာသွားပြီလည်း ဖြစ်သည်။

''တချို့တိုက်ခိုက်မှုတွေမှာ CCTV ကင်မရာနဲ့ ရိုက်ထားတာတွေရှိပါတယ်။ လူလုံးမကွဲတာတို့ ၊ လူရှာတာတို့ စသဖြင့်ပေါ့။ Footage တွေကိုတော့ မိပါတယ်။ ဒီဟာတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူပေးပါ မယ်ဆိုပြီးတော့ သက်ဆိုင်ရာ အခင်းဖြစ်ပွားတဲ့ ရဲမှူးကိုယ်တိုင် သံရုံးမှာလာတွေ့ပြီးတော့ ပြောပါတယ်။ ခုလောလောဆယ်တော့ ဖမ်းဆီးရမိတဲ့သူ မရှိဘူးလို့ သိရပါတယ်'' ဟု ဦးဇင်ယော်၏ ပြောဆို ချက် ကို နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြခဲ့သည်။

မလေးရှားရှိ တရားမဝင် မြန်မာအလုပ်သမားများကို မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းသို့ပို့ခြင်း ၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများကို ယခင်က လုပ်ဆောင်ခဲ့သော်လည်း လက်ရှိ ဖြစ်ပေါ်နေသော အနေအထား အရ နှစ်ဖက်အစိုးရဆွေးနွေးပြီး ဆောင်ရွက်ရမည်ဟုလည်း ဒုဝန်ကြီး ဦးဇင်ယော် က ပြောဆိုခဲ့သည်။



မလေးရှားရဲများက မြန်မာများကို မြင်ပါက ထိန်းသိမ်းခေါ်ဆောင်မှုများလည်းရှိနေပြီး အချို့မှာ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်းလည်း မလေးရှားရှိ မြန်မာဘုန်းတော်ကြီး ဦးဣန္ဓကက အတည်ပြုပြော ဆိုသည်။

ဆရာတော် ဦးဣန္ဓက၏ မြန်မာဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်နေရသည့် မြန်မာအလုပ်သ မားပေါင်း ၂ဝ ခန့် ရှိနေပြီး ၎င်းတို့မှာ အဝတ်အစားအခက်အခဲရှိကြောင်းလည်း ဆရာတော်က မိန့်ကြား ခဲ့သည်။

''အစားအစာကတော့ ဦဇင်းရဲ့ကျောင်းမှာ အဆင်ပြေနေတယ်လေ။ သူတို့ အဝတ်အစားတော့ အခက်အခဲရှိ မယ်ထင်တယ်။ အပြင်ထွက်ဖို့က ထိတ်ထိတ်ပြာပြာနဲ့ နေရတုန်းပဲ။ ပြန်မယ်လို့ပဲ ပြောနေကြတယ်'' ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

မလေးရှားရဲများက မြန်မာနိုင်ငံသား လေးဦးသာသေဆုံးခဲ့ကြောင်းမြန်မာသံရုံးသို့ သတင်းပေး ပို့သည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော်က နိုင်ငံပိုင်ရုပ်သံ တွင် ပြောဆိုခဲ့သော်လည်းမြန် မာနိုင် ငံသား ခြောက်ဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။

Mizzima - News in Burmese

No comments: