Monday, June 03, 2013
ကမ္ဘာကျော် တယ်လီကွန်း ကုမ္ပဏီကြီးဖြစ်သည့် Vodafone နှင့် China Mobile တို့သည် မြန်မာနိုင်ငံတွင် တယ်လီကွန်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရန် လိုင်စင်အတွက် ကြိုးပမ်းမှုမှ နုတ်ထွက်သွားပြီဖြစ်ရာ လက်ရှိ အချိန်တွင် လုပ်ကိုင်ခွင့် လိုင်စင်ရရှိမှုအတွက် ကြိုးပမ်းသည့် ကုမ္ပဏီ ၁၀ ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရန် အဆိုပြုလွှာ တင်သွင်းထား သည့် ပြည်ပကုမ္ပဏီကြီးများနှင့် ဖက်စပ်ကုမ္ပဏီကြီးများထဲမှ စုစုပေါင်း ၁၂ ခုကို မြန်မာနိုင်ငံမှ တယ်လီ ကွန်း အော်ပရေတာ တင်ဒါ အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီက အကြိုအရည်အချင်း ပြည့်မီသည့် ကုမ္ပဏီကြီးများအဖြစ် ရွေးချယ်ထားသည်။
Vodafone နှင့် China Mobile ကုမ္ပဏီနှစ်ခုသည် မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင် ရရှိရန် ပူးပေါင်းကာ အဆိုပြုလွှာ တင်ထားခဲ့ခြင်းဖြစ်ပြီး အကြိုအရည်အချင်း ပြည့်မီသည့် ကုမ္ပဏီ ၁၂ ခု စာရင်းတွင် ပါ ၀င်နေ သည်။ ယခုအချိန်တွင် ၎င်းတို့က လိုင်စင်အတွက် ဆုံးဖြတ်ချက်ချမည့် နောက်ဆုံးအ ဆင့်ဖြစ် သည့် ငွေကြေး ကမ်းလှမ်းချက်ကိုြ ပုလုပ်တော့မည် မဟုတ်ဘဲ နုတ်ထွက်လိုက်ပြီ ဟု ကြေညာ လိုက်ခြင်း ဖြစ်သည်။

Vodafone နှင့် China Mobile တို့က မေ ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် လုပ်ငန်းလိုင်စင် အ တွက် နောက်ဆုံး အခြေအနေများကို ကြည့်ရှုအပြီးတွင် ရရှိမည့် အခွင့် အလမ်းနှင့် အတွင်းပိုင်းတွင် ကန့်သတ် ထားသော ရင်းနှီးမြှုပ်နှံမှု စံနှုန်းများ ကိုက်ညီမှု မရှိသည့် အတွက်ကြောင့် နုတ် ထွက်ခြင်းဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
၎င်းတို့ နုတ်ထွက်သွားသော်လည်း မြန်မာနိုင်ငံတွင် တယ်လီကွန်းလိုင်စင် ရရှိရန် ဆက်လက် ယှဉ်ပြိုင်ကာ နောက်ဆုံးငွေကြေး ကမ်းလှမ်းချက်တင်မည့် ကုမ္ပဏီများတွင် ပြင်သစ်နာမည်ကျော် ကုမ္ပဏီ France Telecom Orange၊ syef မှ KDDI၊ နော်ဝေးမှ Telenor၊ စင်ကာပူမှ Singtal တို့နှင့် အခြားနာ မည်ကျော် ကုမ္ပဏီများ ကျန်ရှိနေသေးသည်။
EMG
No comments:
Post a Comment