Saturday, June 08, 2013

ရခိုင်နိုင်ငံရေးပါတီနှစ်ခုပေါင်းစည်းရေး ရက်ပိုင်းအတွင်း မျက်နှာစုံညီအဖြေ ရှာမည်

Saturday, June 08, 2013
ရခိုင်ပြည်သူလူထု၏ တောင်းဆိုချက်အရ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ တစ်ပါတီတည်း အဖြစ်ပေါင်းစည်း ရန် ဇွန်လ ၁၅ ရက်နေ့တွင် နှစ်ဖက် ထိပ် ပိုင်းခေါင်းဆောင် များ ရန်ကုန်မြို့ရှိ ရခိုင်သဟာယ အသင်း တွင် ပထမဆုံး အကြိမ်တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ သိရှိရ သည်။ နိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းရေးသတင်း များ ထွက်ပေါ်ပြီး တစ်နှစ်ခန့် အကြာတွင်ယင်းသို့ ထိပ်ပိုင်းခေါင်းဆောင် များ ဆွေးနွေးရေး အဆင့် သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ထိပ်ပိုင်းခေါင်းဆောင် ငါးဦးနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီမှ ထိပ်ပိုင်း ခေါင်းဆောင်း ခြောက် ဦး တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရ ခိုင်ပြည်သူလူထု၊ သံဃာတော်များ၊ သဟာယအသင်းဝင်များ၊ ရခိုင်လူမှု ကွန်ရက်အဖွဲ့များ ၏ ရှေ့ တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အဆိုပါပါတီများထံမှ သိရသည်။

"ယုံကြည်မှု တည်ဆောက်ပြီးရင် လမ်းပြမြေပုံလိုမျိုး လုပ်သွားမှာ၊ အားလုံး ရဲ့ ရှေ့မှာ ပွင့်ပွင့် လင်း လင်းပေါ့"ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။

ပါတီနှစ်ခု ပေါင်းစည်းရေးအတွက်နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေး ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ဇွန်လ ၃ ရက်နေ့က တရားဝင်စာဖြင့် ကမ်းလှမ်းခဲ့ကြောင်း အဆိုပါ ပါတီများထံမှ သိရသည်။



ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် ယခင်က ပေါင်းစည်းရေးကော်မတီ များဖြင့် ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုမရှိသဖြင့် ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ဒေါက် တာအေးမောင်ကဆိုသည်။

ရခိုင်နိုင်ငံရေး ပါတီနှစ်ခု ပူးပေါင်းခြင်းသည် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ အင်အားစုများကိုပါ ထပ်မံ ပေါင်း စည်းရေးအတွက် လမ်းစဖြစ်ကြောင်း ALD ပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့်က ပြောကြားသည်။

"ရခိုင်အားလုံး ညီညွတ်ရေးအတွက် စံပြအဖြစ်နဲ့ပေါင်းတာ။ ပါတီနှစ်ခုပေါင်း စည်းရေးအတွက် ကျွန်တော် တို့ဘက်က အကုန်လုံးလျှော့ထား ပါတယ်။ ပေါင်းစည်းဖို့အတွက်ပဲ ရှိတော့တယ်" ဟု ၎င်းကဆိုသည်။

ပေါင်းစည်းရေးအတွက်နှစ်ပါတီခေါင်းဆောင်များကပါတီဝင်များကိုတာဝန်ယူရမည်ဖြစ်ကြောင်း၊ နှစ်ပါတီ ပေါင်းစည်းပြီးပါက ပါတီသစ် ထပ်မံ မပေါ်ပေါက်ရေးကို ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဦးဦးလှမြင့်က ထပ်မံပြော ကြားသည်။

The Voice

No comments: