Saturday, June 08, 2013

ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲက ပေးသော အခွင့်ကောင်း

Saturday, June 08, 2013
နေပြည်တော်တွင် ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပလျက်ရှိသော အရှေ့ အာ ရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲ (World Economic Forum on East Asia) သည် ပြုပြင်ပြောင်း လဲရေးများ ဖော်ဆောင်နေသည့် မြန်မာနိုင်ငံအတွက် ကြီးမားသော အခွင့်ကောင်းတစ် ရပ် ဖြစ်သည်။ အထူးသဖြင့် မြန်မာ့စီးပွားရေးကို အရှိန်တိုးမြှင့်ပေးနိုင်မည့် အခွင့်ကောင်းဖြစ်သည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အားကိုးဖြင့် စီးပွားရေး တစ်ဆင့်တက်အောင် ကြိုးပမ်းနေ သည့် မြန် မာနိုင်ငံတွင် တစ်ကမ္ဘာလုံးက အလေးထားသော ကမ္ဘာ့ စီးပွားရေးဆွေးနွေးပွဲကို ပထဆုံးအကြိမ် ကျင်းပ လိုက်နိုင်ခြင်းမှာ မြန်မာနိုင်ငံကို နိုင်ငံတကာစီးပွားရေး စင်မြင့်တွင် ကြီးကြီးမားမား အခ မဲ့ ကြော်ငြာပေး လိုက်ခြင်းပင် ဖြစ်သည်။ ယနေ့ကျင်းပလျက်ရှိသော ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲသည် ကျင်းပခဲ့သမျှ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲများတွင် လူစိတ်ဝင်စားမှု အများဆုံးဆွေးနွေးပွဲ တစ်ခုဟု ယခင့်ယခင် ကတည်း က ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲများ အကြိမ်ကြိမ် တက်ရောက်ခဲ့သူများက သုံးသပ်ပြော ကြားသည် ကို တွေ့ရသည်။

ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ စီးပွားရေး အရ အာရုံစိုက်မှု အဆများစွာ မြင့်တက်လာနိုင်သကဲ့သို့ မြန်မာနိုင်ငံ၏ ပကတိအခြေအနေ ကိုလည်း ပိုမို နားလည်သွားစေနိုင်သည့် အခွင့်ကောင်း ရရှိခဲ့သည်။ အထူးသဖြင့် မြန်မာ့စီးပွားရေးတွင် အဓိကမူဝါဒ ချမှတ်သူများ ကိုယ်တိုင် တက်ရောက်ဆွေးနွေး ခဲ့ခြင်းဖြင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ပိုမိုမြှင့် တင်ပေး နိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။

အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများ လျှော့ချခြင်း၊ ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု ဖျက်သိမ်း လိုက်ခြင်း နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲကို ကျင်းပလိုက်နိုင်ခြင်း သည် အချိုပေါ် သကာလောင်းသကဲ့သို့ အတိုင်းထက်အလွန် အခွင့်အရေးကောင်း တစ်ရပ် ရလိုက်ခြင်းဟု ထပ်လောင်း ပြော ဆိုလိုပါသည်။ အစကောင်းသွားပြီ ဖြစ်သောကြောင့် မြန်မာ့စီးပွားရေး အတွက် အခွင့်အ လမ်း များစွာ ပေါ်ထွန်းလာနိုင်မည် ဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်းတွင် ရှိနေသည့် လူ့စွမ်းအားအရင်း အမြစ် ချို့တဲ့မှု၊ ငွေကြေးအရင်းအနှီး နည်းပါးမှု၊ အတွေ့အကြုံ အားနည်းမှုနှင့် အခြေခံအဆောက်အဦများ ချို့တဲ့ခြင်း တို့ကိုပါ တစ်ပါတည်း လိုက်ပါ ပြင်ဆင်နိုင်ဖို့ လိုသည်။ ယင်းမှသာ ကမ္ဘာ့စီး ပွားရေး ဆွေးနွေးပွဲကပေးသော အခွင့်အရေးကို မလွတ်တမ်းအသုံးချ၍ နိုင်ငံ့စီးပွားရေး ပြုပြင်ပြောင်း လဲမှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပေသည်။

အယ်ဒီတာ (၆-၆-၂၀၁၃)
The Voice Weekly

No comments: