Tuesday, June 18, 2013

Google ကပေးသော သင်ခန်းစာ

Tuesday, 18 June 2013
ပုံမှာ ၁၉၉၉ ခုနှစ်က Google ရဲ့  ပထမဆုံး Team ဓာတ်ပုံကို ပြသထား ပါတယ်။ ယနေ့အထိ လည်း ယင်းပုံ ထဲမှဝန်ထမ်းအများစုဟာ Google မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် Larry Page နဲ့ Eric Schmidt တို့ နှစ်ဦးကစလို့ Google ကို စတည်ထောင်ပြီး Search Engine ကို ၁၉၉၇ ခုနှစ် စက်တင်ဘာလမှာ စတင်လွင့်တင်နိုင်ခဲ့ပါတယ်။ ပုံ မှာပြထားတဲ့ ဝန်ထမ်းတွေနဲ့ပဲ စတင်ခဲ့ တာပါ။ ဒီတော့ အောင်မြင်လည်း အားလုံးအတူတူအော င်မြင်ခဲ့ပါတယ်။

Google ဟာ ၎င်းတို့တည်ထောင်ထားခြင်း ဖြစ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နေ ရာတိုင်းမှာ တစ်ဦးတစ်ယောက် ချင်းစီ လည်း အောင်မြင် ကျော်ကြားပါတယ်။

သူတို့က ပေးတဲ့ သင်ခန်းစာကတော့ Team Work ပါ။ အဖွဲ့လိုက် ကြိုးစားလုပ်ကိုင်မှု ကိုပြပြီး ရေရှည် လက်တွဲလုပ်ကိုင်မှုကြောင့် အောင်မြင် ရခြင်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ဒီလိုလက်မထောင်နိုင်တဲ့ အိုင်တီ Team တွေ နည်းနေပါသေးတယ်။ တစ်နေ့ အောင်မြင်လာတဲ့အခါ တို့တွေ အားလုံး လက်တွဲ လုပ်ခဲ့တာပါ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် အများကြီးဖြစ် လာနိုင်ပါတယ်။ တစ်ခုခုကို ဖြစ်မြောက်အောင် မလုပ်ရသေးပဲနဲ့ ကိုယ့်အလုပ်ကို ဟိုခုန်ဒီခုန် လုပ်တာဟာ မကောင်းပါဘူး။ အလုပ်တစ်ခုခုမှာ အခြေအနေ တစ်ခုရောက် အောင် ဖန်တီးနိုင်ပြီး ယင်းအောင်မြင် မှုကို လှေကားအဖြစ် အသုံးပြုလို့ ပိုမြင့်တဲ့ ပန်းတိုင်တစ်ခုကို ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။

Google ကတော့ သူ့ဝန်ထမ်းများကို ခုန်ခွင့်မပေးပဲ အောင်မြင်လာ တဲ့အလျောက် အဖွဲ့သားနဲ့အတူ အကျိုးရလဒ်ကို ခွဲဝေ အသုံးချပါတယ်။ ဒါကြောင့် ကမ္ဘာ့ Facility ထောက်ပံ့မှု အပြည့်စုံဆုံး ကုမ္ပဏီအဖြစ် စံချိန် တင်လာ စေပါတယ်။

ဒီတော့ မြန်မာပြည်မှာလည်း ဒီလို Team work အားကောင်းတဲ့ အိုင်တီ လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက် လာရန် ဆန္ဒပြုရင်း မျှဝေ ပေးလိုက် ရပါတယ်။
.
Ref: google
Aung Kham (TSJ team)
TechSpace Journal

No comments: