Monday, June 17, 2013

မြေနီကုန်း J’ DONUTS ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွား

Monday, June 17, 2013
ဇွန်(၁၇)ရက် နံနက်(၆း၂၅)နာရီအချိန်က ရန်ကုန် မြို့ စမ်းချောင်း မြို့နယ် မြေနီကုန်း City Mart ရှေ့ ပြည်လမ်း မပေါ်ရှိ J’ DONUTS မုန့် ဆိုင်တွင် အပူလွန် ကဲရာမှ ၀ါယာရှောခ်ဖြစ် ကာ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ မီးလောင် ကျွမ်းမှုမှာ မုန့်ဆိုင်တွင်ထားရှိသော 2 Door ရေ ခဲသေတ္တာ၌ တပ်ဆင်ထားသည့် Safecard အပူလွန် ကဲရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း လာရောက်ငြှိမ်းသတ်သော မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

“လောင်တာက ကြာနေပြီလို့တော့ ထင်တယ်။ အထဲမှာ လူမရှိဘူး။ မှန်တွေကွဲထွက်လာမှ မီးလောင်နေပြီ ဆိုတာ သိရတာ”ဟု မီးလာရောက်ငြှိမ်းသတ်သည့် မီးသတ်ဝန်ထမ်းတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၁) သိန်း ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။



“၅ နာရီခွဲလောက်က လောင်တယ်လို့ ထင်တယ်။ မီးငြိမ်းသွားလို့ တော်သေးတယ်။ စိုးရိမ်တာ က ဘေးနားမှာ ဓါတ်ဆီဆိုင်ရှိတော့အဲ့ဒီကို ကူးသွားမှာပဲကြောက်တာ အဲ့ဒါဆို မလွယ်ဘူး။”ဟု ပတ်ဝန်း ကျင်တွင်နေထိုင်သူ တစ်ဦးက ပြောသည်။

စမ်းချောင်းမြို့နယ်မှ မီးသတ်ကား(၂)စီး၊ တာမွေ မြို့နယ်မှ(၁)စီး၊ လှိုင်မြို့နယ်မှ (၁)စီး၊ ရေသည်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီးနံနက်(၆း၃၀)နာရီတွင် မီးငြှိမ်းသတ်နိုင် ခဲ့သည်။

J’ DONUTS’ မုန့်ဆိုင် ပိုင်ရှင်မှာ J J CO.LTD မှ ဦးအေးဝင်းဖြစ်ပြီး၎င်းအား မီးပေါ့ဆမှုပုဒ်မ (၂၈၅) ဖြင့် အရေး ယူနိုင်ကြောင်း အရာရှိတစ်ဦးက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းတွင်ကလည်း အင်းစိန်မြို့နယ် ရွာမတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား ခဲ့သည်ဟု သိရသည်။


http://myitmakhamediagroup.com/detail.php?newid=4952

No comments: