Friday, June 28, 2013

Kevin Rudd အစိုးရ ရွေးကောက်ပွဲရက် သတ်မှတ်ဖို့ စောင့်မျှော်နေကြ

Friday, June 28, 2013


သြစတြေးလျ နိုင်ငံမှာ မနေ့မနက်က Kevin Rudd က ဝန်ကြီးချုပ်အဖြစ် ကျမ်းကြိမ်ပြီးနောက် ဝန်ကြီးချုပ် အဖြစ်တက်ရောက်ခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးချုပ်ဟောင်း Julia Gillard ရဲ့လုပ်ဆောင်ချက်
တွေကို အမွှန်းတင်ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Julia Gillard က စက်တင်ဘာလ ၁၄ ၇က်နေ့ကိုရွေးကောက်ပွဲနေ့အဖြစ်သတ်မှတ်ထား ခဲ့ပေမယ့် ဝန်ကြီးချုပ်သစ် ဖြစ်လာသူ Kevin Rudd ကတော့ ရွေးကောက်ပွဲ ဘယ်နေ့ ပြုလုပ်မလဲဆိုတာကို ကြေညာဖို့ အများက စောင့်မျှော်နေပါတယ်။

ဝန်ကြီးချုပ်ဟောင်း Julia Gillard အရေးရှုံးနိမ့်သွားပြီးနောက် အကြီးတန်း ဝန်ကြီး ၇ဦးလည်း ရာထူး ကနေနှုတ်ထွက်ခဲ့ပါတယ်။ ဝန်ကြီး ကဲဘိနက်ထဲက ၃ ပုံတပုံ ပြုတ်သွားပြီ ဖြစ်တဲ့အတွက် Kevin Rudd အနေနဲ့ ဒီကနေ့ မနက်မှာပဲ သူ့ရဲ့ ကဲဘိနက် ဝန်ကြီးအဖွဲ့သစ် ဘယ်သူတွေကို ခန့်အပ်သလဲဆိုတာ ကြေ ညာဖို့ ရှိပါတယ်။

မကြာသေးခင်က Julia Gillard ကို ရာထူးကနေ ဆင်းပေးဖို့ အတိအလင်းတောင်းဆိုခဲ့ပြီး အလုပ်ဖြုတ်ချခံ ရတဲ့ဝန်ကြီးတွေလည်း ကဲဘိနက်ထဲမှာ အခန့်ခံရဖို့ရှိတယ်လို့ သိရပါတယ်။ ကဲဘိနက်သစ်ဟာ တနင်္လာ နေ့မှာ ကျမ်းကြိမ်ပြီးနောက်အရေးတကြီး ဆွေးနွေးရမှာ ဖြစ်တဲ့ ပေါ်လစီတွေကတော့ တန်းစီစောင့်နေပြီ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပညာရေး နဲ့ပတ်သက်ပြီး အရင်အစိုးရက စတင်ဆောင်ရွက် နေတဲ့အပြောင်းအလဲတွေ ဒီလကုန် မှာ အပြီးလက်မှတ်ထိုးရမယ့် ကိစ္စတွေကိုလည်း အချိန်မှီပြီးအောင် ဆောင်ရွက်ဖို့၊ အငြင်းပွားစရာဖြစ်နေတဲ့ ကာဘွန် အခွန်ကိစ္စတွေ၊ ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ပတ်သက်ပြီးဆုံးဖြတ်ချမှတ်ရမှာ ဖြစ်တဲ့မူဝါဒတွေကို ဆွေးနွေးတိုင်ပင် အဖြေရှာ ဆုံးဖြတ်မှုတွေကို အရေးတကြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Kevin Rudd ဟာ အခုအခါမှာ ဝန်ကြီးချုပ် ဖြစ်လာပေမည့် နောက်တကြိမ်ရေတို ခေတ္တဝန်ကြီးချုပ်နောက် တကြိမ် ဖြစ်ဦးမလားဆိုတာ မကြာခင်ပြုလုပ်ကျင်းပရမှာဖြစ်တဲ့ အထွေထွေ ရွေးကောက်ပွဲကြီးက အဆုံး အဖြတ်ပေးသွား ဖို့ရှိပါတယ်။

ကြိုတင် ဟောကိန်းကောက်တမ်းတွေ အရ Kevin rudd ဦးဆောင်တဲ့ လက်ရှိ လေဘာပါတီအဖို့ မဲအသာရမှု အခြေအနေ ၇% တိုး တက်လာပေမယ့် အတိုက်အခံနဲ့ အင်အားမျှသွားမယ်လို့ မှန်းစနေ ကြသူတွေရှိ ကြသလို ရှုံးနိမ့် နိုင်ကိန်းရှိနေတယ်လို့ တချို့ကလဲမှန်းဆ နေကြပါတယ်။

အတိုက်အခံပါတီ အဖို့ကတော့ Julia Gillard ဦးဆောင်ခဲ့တဲ့ ပါတီကို အလွယ်တကူ အပြတ်အသတ် နိုင်မယ်လို့ ခန့်မှန်းထားပေမယ့် Kevin rudd ဦးဆောင်တဲ့ အခု အခြေအနေမှာ စိန်ခေါ်မှာ ဖိအားတွေ တိုးလာနေပြီလို့ ဆိုနေကြပါတယ်။

ABC Radio Australia

No comments: