Friday, June 14, 2013

အစိုးရနှင့် KIO တို့ကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် နောက်ထပ် တိုးတက်မှုများ ဆက်လက်အကောင်အထည် မဖော်နိုင်ပါက လက်နက်ကိုင် ပဋိပက္ခများ ထပ်မံဖြစ်ပွား လာနိုင်ကြောင်း International Crisis Group သုံးသပ်

Friday, 14 June 2013
အစိုးရနှင့် KIO တို့ကြား မေ ၃၀ ရက်က ရရှိခဲ့သော သဘောတူညီချက် များသည် ငြိမ်းချမ်းရေး ပိုမို ခိုင်မာလာအောင် လုပ်ဆောင်သော လုပ်ငန်းစဉ်၏ အစသာ ဖြစ်ပြီး ပြီးဆုံးသွားခြင်း မရှိသေးကြောင်းနှ င့် နောက်ထပ် တိုးတက်မှုများ ဆက်လက် မဖော်ေ ဆာင်နိုင်ပါက လက်နက်ကိုင် ပဋိပက္ခများ ထပ်မံဖြစ် ပွားလာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း International Crisis Group က သုံးသပ်ခဲ့သည်။ တစ်ကမ္ဘာလုံးရှိ ပဋိပက္ခအခြေအနေများကို လေ့လာသုံးသပ်သော မူဝါဒရေးရာ အဖွဲ့ကြီးဖြစ်သည့် International Crisis Group က ဇွန် ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ကချင်ပဋိပက္ခမှ ယာယီ ငြိမ်းချမ်းရေး အစီရင်ခံစာတွင် ယင်းကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

အခြားအပစ်အခတ် ရပ်စဲရေး ရယူထားသော ဒေသများထက် ကချင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခများ ထပ်မံဖြစ်ပွား လာနိုင်ခြင်းမှာ နှစ်ဖက်ကြား အယုံအကြည် ကင်းမဲ့ခြင်းနှင့် မကြာသေးမီက လက်နက်ကိုင် တိုက်ပွဲများကြောင့် ဖြစ်ကြောင်း International Crisis Group က ဆိုသည်။

အစိုးရနှင့် KIO တို့ကြား သဘောတူညီခဲ့သော အချက်ခုနစ်ချက်မှာ (၁) နိုင်ငံတော်အစိုးရနှင့် KIO တို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။ (၂) နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများ လျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ ကို ဆောင်ရွက် သွားရန် သဘောတူသည်။ (၃) နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ (Joint Monitoring Committee) ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။ (၄) နယ်မြေလုံခြုံရေးအ ရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စများကို ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။ (၅) တပ်ပိုင်းဆိုင်ရာ နေရာချထားမှုနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။ (၆) လိုအပ်သော လုပ်ငန်းစဉ်များညှိနှို င်းဆောင်ရွက်နိုင်ရန် KIO ကိုယ်စားလှယ်နှင့်အလုပ်အဖွဲ့ (Technical Team) ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။ (၇) နောင်တစ်ကြိမ် ဆွေးနွေးပွဲတွင် ယခုတစ်ကြိမ် တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူသည် စသည်တို့ ဖြစ်ကြသည်။



ကချင်ပြည်နယ် ငြိမ်းချမ်းရေးသည် တိုက်ပွဲဖြစ်နိုင်ခြေများ လျော့ချရန်အတွက်နှစ်ဖက်စလုံးမှတပ် များ ပြန် လည်နေရာချထားရန်၊ စောင့်ကြည့်မည့် ယန္တရားနှင့် အဓိပ္ပာယ်ရှိသော နိုင်ငံရေး ဆွေးနွေးပွဲများ စသည့်ကဏ္ဍများ တိုးတက်မှုများ အခြေအနေတွင် မူတည်နေကြောင်းလည်း International Crisis Group က သုံးသပ်ခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တရားမျှတပြီး အများလက်ခံနိုင်သည့် ငြိမ်းချမ်းရေးနှင့် ဆိုင်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကချင်ပြည်နယ်၏ အရေးပါသော သဘာဝသယံဇာတများ ထုတ် ယူသုံးစွဲရေးနှင့် ပတ်သက်သော အဓိကခြေလှမ်းများ လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း၊အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ သင့်လျော်သော ဥပဒေများ မချမှတ်နိုင်ခဲ့ပါက မညီမျမှုများ ပိုမိုဖြစ်လာနိုင်ပြီး ပဋိပက္ခ အသစ်တစ်ဖန် ဖြစ်ပွားလာနိုင်ကြောင်းနှင့် ပြီးခဲ့သည့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်၏ မအောင်မြင်မှုမျိုး ထပ်မံမဖြစ်ပွားရေး ရှောင်ကြဉ်နိုင်ရန် များစွာလုပ်ဆောင်ရန် ကျန်ရှိနေပါသေးကြောင်း အစီရင်ခံစာတွင် International Crisis Group က သုံးသပ်ခဲ့သည်။

eleven media group

No comments: