31 Friday, May 2013
Lenovo ကတော့ K 900 ကိုစတင်ဖြန့်ချိလိုက်ပါပြီ။ ဒီ Phablet က သူ့ရဲ့ တည်ဆောက်ပုံနဲ့အတွင်း ပိုင်း လုပ်ဆောင် ချက်တွေကြောင့် CES 2012 မှာက တည်းက လူစိတ်ဝင်စားမှုများပြားခဲ့တဲ့ Smart phone ပါ။ Lenovoဟာ တရုတ်နိုင်ငံထုတ် အမှတ် တံဆိပ်ဆိုပေမယ့် အရည် အသွေးကောင်း မွန် Brand တစ်ခုဖြစ်ပြီး ၄င်းရဲ့ အမာခံပရိတ်သတ်တွေ အတွက်ဝမ်းသာစရာသတင်းတစ်ခုကတော့မျက်နှာပြင် အကျယ် ၅.၅လက်မ ရှိတဲ့ Lenovo K 900 phablet ကိုတရုတ်နိုင်ငံမှာ စတင်ဖြန့်ချိလိုက်ပြီဆိုတာပါပဲ။ နိုင်ငံတကာဈေးကွက်အတွင်းကိုတော့ ဒီနှစ်နွေရာသီလောက်မှာ ရောက်ရှိလာတော့မယ်လို့ ခန့်မှန်းရပါတယ်။ Tablet မကျ ၊ Handset မကတဲ့ ဒီ Phablet ရဲ့ ၅.၅ လက်မအရွယ် ကျယ်ပြန့် တဲ့မျက်နှာပြင်မှာ Resolution က 1082x1920 pixel ဖြစ်ပြီး pixel density အနေနဲ့ပြောရရင်တော့ 400 ppi ဖြစ်ပါတယ်။ Lenovo အနေနဲ့ K 900 ရဲ့အပြင်ကိုယ်ထည်ကို သတ္တုနဲ့အခိုင်အခန့် တည်ဆောက်ထားသလို အတွင်းပိုင်းကိုလည်း အကောင်း ဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။ ဘာလို့လဲဆိုတော့ K 900 ရဲ့အတွင်းပိုင်းမှာ နောက်ဆုံးပေါ် 2GHz Intel Atom Clover Trait Processor , 2 GB RAM နဲ့ 16 GB Internal Memory တို့ကိုသုံးစွဲထားလို့ပါပဲ။ Android 4.1.2 သုံးစွဲသွားမယ့် ဒီ Phablet မှာ ကင်မရာ အရည်အသွေးကိုအဓိကအ သား ပေးလို တဲ့အနေနဲ့ ကျောဘက်မှာ13 MP sony Exmor BSI ကင်မရာသုံးစွဲထားပြီး အရှေ့ဘက်မှာတော့ 2 MP ကင်မရာကိုသုံးစွဲထားတာတွေ့ရပါတယ်။
(စည်သူနေနိုင်)
Guide Magazine

No comments:
Post a Comment