Thursday, June 27, 2013

စင်ကာပူ အခြေစိုက် MUNICH RE အာမခံ ကုမ္ပဏီမှ ပြည်တွင်းရှိ အာမခံ လုပ်ငန်းများတွင် ပြန်လည်လုပ်ကိုင်ရန် ဆွေးနွေး

Thursday, 27 June 2013


အီးယူမှ မြန်မာနိုင်ငံသို့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံတွင် ယခင်က လုပ်ကိုင် ခဲ့သည့် စင်ကာပူ အခြေစိုက် Munich Re အာမခံ ကုမ္ပဏီမှ မြန်မာနိုင်ငံရှိ အာမခံ လုပ်ငန်းများတွင် ပြန်လည်လုပ်ကိုင်ရန် လာရောက်ဆွေးနွေးခဲ့ကြောင်း ဇွန် ၂၆ ရက်နေ့တွင်ပြုလုပ်သော Technology for Underwriters Fire Engineering and Insurance Seminar မှ သိရသည်။

ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံရှိအာမခံလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုပြီး အဓိကအားဖြင့် မီးအာမခံ အမျိုးအစားကို ပိုမိုလုပ်ဆောင်လိုကြောင်း၊ ထို့အပြင် အာမခံလုပ်ငန်းနှင့် ပတ်သက်သည့် နည်းပညာများကို အကူအညီ ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။


"ဒီကုမ္ပဏီိက နိုင်ငံတကာမှာ အင်အားတောင့်တင်းတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီက နည်းပညာပိုင်း ဆိုင်ရာမှာ အကူအညီ ပေးမယ်ဆိုတော့မြန်မာ့အာမခံ လုပ်ငန်းအတွက် သာမက ပုဂ္ဂလိက အာမခံ လုပ်ငန်း အတွက်ပါ ပိုအကျိုးရှိစေမှာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတဲ့အခါမှာ တိုးတက်ခိုင်မာတဲ့ အာမခံစနစ် ရှိဖို့လိုအပ်ပါတယ်" ဟု မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ဆိုသည်။

ကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာမှာ အကူအညီ ပေးမယ်ဆိုတော့ မြန်မာ့အာမခံ လုပ်ငန်းအတွက် သာမက ပုဂ္ဂလိက အာမခံ လုပ်ငန်းအတွက်ပါ ပိုအကျိုးရှိစေမှာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတဲ့ အခါမှာ တိုးတက်ခိုင်မာတဲ့ အာမခံစနစ် ရှိဖို့လိုအပ်ပါတယ် . . . . .

ထိုသို့ နည်းပညာ အကူအညီပေးမည် ဆိုပါက မြန်မာနိုင်ငံ၏ လူနေမှု စရိုက်နှင့် ကိုက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဌာနဆိုင်ရာ အသီးသီး အပါအ၀င် မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ဆွေးနွေးရန် လိုအပ်သောကြောင့် အကောင်အထည်ဖော်မည့် ကာလကိုမူ အတိအကျပြောရန် အချိန်လိုအပ်သေးကြောင်း ၎င်းကဆိုသည်။

"မြန်မာနိုင်ငံရဲ့ တိုးတက်လာတဲ့ အခြေအနေပေါ် မူတည်ပြီး မြန်မာ့အာမခံဈေးကွက်ထဲကို အခုလို ၀င်ရောက် လာတာ ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ရင်းနှီးမြှုပ်နှံဖို့အတွက် အရမ်းကို စိတ်ဝင်စားနေကြပါတယ်။ မီးအာမခံက မြန်မာနိုင်ငံမှာ အထားအများဆုံး အာမခံတစ်ခု ဖြစ်ပါတယ်။ မီးအာမခံ ထားခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေ လျော့နည်းနိုင်ပါတယ်" ၎င်းကဆက်လက် ပြောကြားခဲ့သည်။

စင်ကာပူ အခြေစိုက် Munich re အာမခံ ကုမ္ပဏီသည် ၁၉၉၇ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အီးယူမှ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ထားချိန်တွင် မြန်မာနိုင်ငံမှ ခဏတာထွက်ခွာခဲ့ပြီး ယခုအခါ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။

eleven media group

No comments: