Sunday, June 16, 2013

နှစ်ခြောက်ဆယ်ကျော် ကြာသည့်တိုင် မရရှိသေးသော ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ရန် RCSS/SSA ဥက္ကဋ္ဌ၊ KNU ဥက္ကဋ္ဌနှင့် အစိုးရ အဖွဲ့ဝန်ကြီးများ တညီတညွတ်တည်း ပြောကြား

Sunday, 16 June 2013
နှစ်ပေါင်း ၆၀ ကျော် ကြာသည့်တိုင် မရရှိသေးေ သာ ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ် မေ န ဖော်ေ ဆာင်ရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ ၀န်ကြီးများက ဇွန် ၁၅ ရက် ညပိုင်းက ရန်ကုန်မြို့၊ ကမာရွတ် မြို့ နယ်၊ ရွှေလီလမ်းရှိ Myanmar Peace Center တွင် ပြုလုပ်ခဲ့သည့် ညစာစားပွဲတွင် ပြောကြား ခဲ့ကြောင်း အဆိုပါ ညစာစားပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ (RCSSA/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးခင်ရီတို့ တက်ရောက်ခဲ့ကြပြီး ရှမ်း၊ ကရင်တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်များ၊ Myanmar Peace Center မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

"အစီအစဉ်က ဂုဏ်ပြုညစာစားပွဲ အစီအစဉ်ပါ။ အခမ်းအနားမှာ ၀န်ကြီးဦးအောင်မင်းက ဒီပွဲကို ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးရော ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်ပါ တက်လာတဲ့အတွက် နှစ်ထပ်ကွမ်း မင်္ဂလာရှိတဲ့ အကြောင်းနဲ့ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ရွက်သွားကြပါစို့လို့ ပြောတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဘာသာပြန်ကနေ တစ်ဆင့်ပြောပါတယ်။ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ရွက်သွားပါ့မယ်။ ဒီလို ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ အဖွဲ့အစည်း တစ်ခုတည်း လုပ်လို့မရဘူး။ ပြည်သူတစ်ရပ်လုံးနဲ့ အဖွဲ့အစည်းပေါင်းစုံ ၀ိုင်းလုပ်ကြမှ ဖြစ်မယ်လို့ ပြောတယ်" ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

"ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကတော့ နှစ်ခြောက်ဆယ်လုံးလုံး ငြိမ်းချမ်းရေး မရခဲ့တာကို သူစိတ်မကောင်းဘူး။ ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန် ကြိုးစားလုပ်ကိုင်သွားမယ်လို့ ပြောသွားပါတယ်။ နောက်ဆုံးမှာ ၀န်ကြီးဦးစိုး သိန်းက အပိတ်မိန့်ခွန်း ပြောပါတယ်။ ငြိမ်းချမ်းရေးရဖို့ ဦးအောင်မင်း တစ်ယောက်တည်း လုပ်လို့မရဘူး။ အစ်မကြီး တစ်ယောက်တည်း လုပ်လို့မရဘူး။ တိုင်းရင်းသားအားလုံးက လက်တွဲပြီး လုပ်ကြမှ ဒီငြိမ်း ချမ်းရေးကို ရမယ်လို့ ပြောပါတယ်" ဟု ဦးစိုင်းလိတ်က ဆက်လက်ပြောကြားသည်။

RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ဇွန် ၁၀ ရက်ကနေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့သို့ ရောက်လာကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇွန် ၁၅ ရက် မွန်းလွဲပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံခဲ့ကာ ဇွန် ၁၆ ရက်တွင် မန္တလေးမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကမူ ဇွန် ၁၅ ရက် နံနက်ပိုင်းက တပ်နေရာ ချထားရေး အပါအ၀င် လာမည့်ဆွေးနွေးပွဲများအတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံးတို့၏ အကြိုဆွေးနွေးပွဲသို့ တက်ရောက်ရန် ရန်ကုန်မြို့ သို့ ရောက် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

eleven media group

No comments: