Thursday, June 27, 2013

ကိုရီးယားတယ်လီကွန်းကုမ္ပဏီ SK Telecom Co., မှ ကမ္ဘာ့ ပထမဦးဆုံး သော LTE-Advanced Network ကို စတင်

Thursday, 27 June 2013



မြန်မာနိုင်ငံတွင် မကြာမီ ရက်ပိုင်းအတောအတွင်း Telecomတင်ဒါလိုင်စင် နှစ်ခုကိုရွေးချယ်တော့မည့် ကာလမှာပဲ ကိုရီးယားနိုင်ငံတွင် SK Telecom ကုမ္ပဏီသည် 4G Network ၏ နောက်ဆုံးမျိုးဆက် LTE-Advanced မိုဘိုင်းနက်ဝပ်ဝန်ဆောင်မှုကို ယနေ့တွင်စတင်လိုက်ပြီဖြစ်သည်။

LTE-Advanced သည် ယခင်LTEထက် အမြန်နှုန်းနှစ်ဆပိုမြန်ကာအခြားသော 3G Networksများထက် 10 ဆပိုမြန်ပါသည်။ အမြန်နှုန်း 150Mbps ရှိသည်။

ယခုအခါတွင် LTE-Advanced Network ၀န်ဆောင်မှုများအားကိုရီးယားနိုင်ငံရှိ ဆိုးလ်မြို့ အပါအ၀င် အခြားသောမြို့ကြီးပေါင်း 43 မြို့တွင် ရရှိနေပြီဖြစ်ပြီး မကြာမီနောက်ထပ်မြို့များစွာသို့ထပ်မံတိုးချဲ့သွားမည်ဖြစ် ကာ တက္ကသိုလ်ပေါင်း 103ခု ကလည်း အဆိုပါ LTE-Advanced Network၀န်ဆောင်မှုကို ရရှိနေပြီဖြစ် သည်။

Samsung Galaxy S4 ဖြင့်စမ်းသပ်ချက်များအရ အမြန်နှုန်း 150Mbps ရှိကြောင်းသိရသည်။ LTE-A အနေဖြင့် Carrier Aggregation နည်းပညာကိုသုံးစွဲထားပြီး ယင်းနည်းပညာသည် မိုဘိုင်းနက်ဝပ်အတွင်းရှိ
မတူညီသော Frequencies များကို ပေါင်းစပ်ထားကာ ထိရောက်မှု အရှိဆုံးသော 20MHz Spectrum band ကို10MHz channel band နှစ်ခုပေါင်းစပ်ကာ ရရှိနိုင်မည်ဖြစ်သည်။ ပိုမိုမြင့်မားသော အမြန်နှုန်းများ အား မကြာမီ ကာလ အတောအတွင်းရရှိ နိုင်တော့မည်ဖြစ်ပြီး လက်ရှိစံနှုန်းများအရ 20MHz Band ငါးခု အထိပေါင်းစပ်နိုင်သည်။

LTE-Advanced သည် LTE ပြီးနောက်ထပ်မံပေါ်ထွက်လာသောStandard တစ်ခုဖြစ်ပြီး LTE အနေဖြင့် လက်ရှိ High-Speed Network များတွင် အမြန်ဆုံးအဖြစ် သတ်မှတ်ထားသည်။

Samsung Electronics မှ CEO J.K.Shin က ရိုက်တာသတင်းဌာနသို့ ပြီးခဲ့သည့်တနင်္လာနေ့ အင်တာဗျူး တွင် ပြောကြားရာ ၌ Samsaung အနေဖြင့် မကြာမီ LTE-Advanced အတွက် Galaxy S4 ကို အထူး ဒီဇိုင်းချပြုလုပ်ကာ ထုတ်လုပ်သွားမည်ဟုဆိုခဲ့ပြီး ၄င်းကဆက်လက်၍ LTE စနစ်တွင်3 မိနစ်ကြာdownload  လုပ်ရသော ဗီဒီယိုဖိုင်တစ်ခုကို LTE-A မှာ 1မိနစ်သာကြာသည်ဟု ဆိုခဲ့သည်။

ဂျပန် Telecom ကုမ္ပဏီ NTT DoCoMoကလည်း လက်ရှိ LTE Network ကို download speed 115.5 Mbps အမြန်နှုန်းဖြင့် ၀န်ဆောင်မှုများပေးနေပြီး LTE-Advanced Network ကို 1Gbps ဖြင့် 2015 မှာ ရရှိနိုင်အောင်လုပ်ဆောင်ပေးသွားမည်ဟု ပြောကြားမှုများရှိခဲ့သလို ကမ္ဘာတစ်လွှားနာမည်ကြီး Carriers များဖြစ်သည့် Sprint နှင့် AT & T တို့ကလည်း ယခုနှစ် အတွင်းမှာပင် LTE-Advanced Networkများကို တည်ဆောက်သွားမည်ဟု ပြောကြားထားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ကိုရီးယား SK Telecomကတော့ကမ္ဘာပထမဦးဆုံးသော LTE-Advanced Network ၀န်ဆောင်မှုကိုစတင်နိုင်ခဲ့သော ကုမ္ပဏီအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး မကြာမီ ကာလများမှာ ကမ္ဘာတစ်ဝှမ်းLTE-A အမြန်နှုန်း များရရှိနိုင်စေဖို့ သက်ဆိုင်ရာ Telecom ကုမ္ပဏီကြီးများမှလုပ်ဆောင် သွားတော့မှာဖြစ်ပါတယ်။


Nyein Chan(TSJ Tech Team)

No comments: