Wednesday, June 12, 2013

Xbox One အား စစ်ကြေညာလိုက်သည့် PlayStation 4

Wednesday, 12 June 2013
Sony ကတော့ Microsoft ကို စစ်ကြေညာ လိုက်ပြီ ဖြစ်ပါတယ်။ ပြီးတော့ ဒီစစ်ပွဲမှာလည်း မုချ ကို အောင်နိုင်ရမယ်လို့ မှတ်ယူထားပုံ ရပါတယ်။ E3 နည်းပညာ ပြပွဲကြီး၌ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ Sony ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ လူအ များ မျှော်လင့်စောင့်စားနေတဲ့ မျိုးဆက်သစ် Play Station 4 ဂိမ်းစက်အား ထုတ်ဖော် ပြသ သွား ခဲ့ပါ တယ်။PS4ဟာပုံစံဒီဇိုင်း အရကျစ် လစ်ပြီးေးလးေ ထာင့် ကျပြီး ဈေးနှုန်းအရလည်း Xbox One ထက် သက်သာမည်ဖြစ်ကာ မျိုးဆက်ဟောင်း ဂိမ်းများအားလည်း အကန့်အသတ်မရှိ ဆော့ကစားနိုင်မယ့် ဂိမ်းဆက်ပဲ ဖြစ်ပါတယ်။

အထူးခြားဆုံးလို့ ဆိုနိုင်တဲ့ အချက်ကတော့ ဂိမ်းဟောင်းများကို အထောက် အပံ့ ပေးထားခြင်း ပဲ ဖြစ်ပါတယ်။ Xbox One ကဲ့သို့ မဟုတ်ပဲ မည့်သည့် PS3 ဂိမ်းကိုမဆို PS4 အတွင်းမှာ ကန့်သတ်ချက်မရှိ အခမဲ့ ထည့်သွင်းပြီးဆော့ကစားနိုင်ရန် စီစဉ်ပေးထားပါတယ်။ Xbox One လို သုံးစွဲသူ ကန့်သတ် ချက်လည်း ရှိမှာမဟုတ်ပါဘူး။

နောက်တစ်ချက်ကတော့ PS4 ကို အသုံးပြု ဆော့ကစားဖို့ အင်တာနက်နဲ့ ချိတ်ဆက်စရာ လိုအပ်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကစားသူကို အင်တာနက်နဲ့ ၂၄ နာရီကျော်ကြာ ချိတ်ဆက်ထားခြင်း မရှိဘူးဆိုရင်လည်း Xbox One လိုမျိုး system ထဲကနေ ကန်ထုတ်လိုက်မှာ မဟုတ်ပါဘူး။



ဈေးနှုန်းအရလည်း Xbox One ထက် သက်သာနေပါတယ်။ PlayStation 4 ဟာ ဒေါ်လာ ၄၀၀ ကျသင့်မှာ ဖြစ်ပြီး ကန့်သတ်ချက်များနဲ့ Xbox One ကတော့ ဒေါ်လာ ၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

PlayStation 4 အနေနဲ့ လာမယ့် ခရစ္စမတ် အားလပ်ရက် မတိုင်မှီဈေးကွက်အတွင်း သို့ ရောက်ရှိလာမယ် လို့ သိရှိရပါတယ်။

Sony အနေနဲ့ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး PlayStation 4 ကို ဖန်တီးလိုက်ပုံ ရပါတယ်။ အမှတ်တရ အနေနဲ့ ၂၀၀၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ E3 နည်းပညာ ပြပွဲနဲ့တော့ ပြောင်းပြန်ပဲ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက PlayStation 2 နဲ့ အောင်မြင်မှုတွေ သရဖူဆောင်းထားတဲ့ Sony ဟာ ဒေါ်လာ ၅၀၀ နဲ့ ၆၀၀ အသီးသီး ကျသင့်မယ့် PlayStation 3 ဂိမ်းစက် ၂ မျိုးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ တစ်ချိန် တည်းမှာပဲ Microsoft က ယင်းတို့ရဲ့ အသစ်စက်စက် Xbox 360 ကို ဒေါ်လာ ၄၀၀ နဲ့ စတင်ရောင်းချ
ခဲ့ပြီး ရောင်းအားပိုင်းမှာ PS3 ထက် အပြတ်အသတ် သာလွန်ခဲ့ပါတယ်။

Myanmar Consumer Guide

No comments: