Monday, 01 July 2013
အီဂျစ်နိုင်ငံမှာ သိန်းနဲ့ချီတဲ့လူတွေက သမ္မတ မိုဟာမက် မော်ဆီကို ဆန့်ကျင်ဆန္ဒပြနေကြပြီး ရုန်းရင်းဆန် ခမှု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး ဆန္ဒပြသူတစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အီဂျစ်နိုင်ငံ အစိုးရသစ်တက်လာတဲ့ တစ်နှစ်ပြည့်တဲ့နေ့မှာ ဆန္ဒပြကြတာဖြစ်ပြီး အီဂျစ်သမ္မတကို ဆန့်ကျင် သူတွေကတော့ အစ္စလာမ်ဝါဒီစိုးမိုးတဲ့ သမ္မတရဲ့ အုပ်ချုပ်မှုကို မလိုလားတဲ့အတွက် ဆန္ဒပြကြတာဖြစ်ပြီး ရာထူးကနေ ဆင်း ပေး ဖို့ လည်း တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
စနစ်သစ်ကို လိုလားတဲ့အတွက် အီဂျစ်ပြည်သူတွေက နှစ်ပေါင်းများစွာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာတဲ့ သမ္မတ ဟော်စနီမူဘာရက်ကို ဖြုတ်ချခဲ့ပေမယ့် သမ္မတသစ် မိုဟာမက်မော်ဆီက ပြည်သူတွေရဲ့ လိုလားမှုကို လစ်လျူရှုပြီး အီဂျစ်တစ်နိုင်ငံလုံးအတွက် အကျုံးမဝင်တဲ့ အစ္စလာမ်ဝါဒီကြီးစိုးတဲ့ စနစ်နဲ့ အုပ်ချုပ်နေတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲထားပြီး ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
ကိုင်ရိုမြို့ရှိ Tahri ရင်ပြင်နဲ့ သမ္မတစံအိမ်နားမှာ ဆန္ဒပြသူတွေက သမ္မရာထူးကနေ မဆင်းပေးမခြင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ ပြောလိုက်ပါတယ်။
တချိန်တည်းမှာပဲ သမ္မတ မိုဟာမက်မော်ဆီကို ထောက်ခံသူတွေကလည်း ထောက်ခံကြောင်း ဆန္ဒပြနေ ကြပြီး သမ္မတရာထူး ကုန်ဆုံးမယ့် သုံးနှစ်အထိ စိတ်ရှည်ရှည်စောင့်ဆိုင်းပြီး အခွင့်အရေးပေးဖို့ ဆန့်ကျင် ဆန္ဒပြသူတွေကို ပြောနေပါတယ်။
သူတို့အနေနဲ့ သမ္မတရဲ့ စံအိမ်တော်ကို အသက်ပေးပြီး ကာကွယ်သွားမယ်လို့လည်း သမ္မတကို ထောက်ခံသူ တွေက ကျူံးဝါးထားကြောင်း အေဘီစီသတင်းထောက် Matt Brown က သတင်းပေးပို့ခဲ့ပါတယ်။
အီဂျစ်နိုင်ငံမှာ မငြိမ်မသက်မှုတွေ ဖြစ်နေတဲ့အတွက် မလိုအပ်ရင် အီဂျစ်နိုင်ငံကို မသွားကြဖို့ သြစတြေးလျ အစိုးရကလည်း သြစတြေးလျနိုင်ငံသူ၊ နိုင်ငံသားတွေကို သတိပေးထားပါတယ်။
ABC Radio Australia

No comments:
Post a Comment