Friday, July 26, 2013

ကော်ဖီ သို့မဟုတ် လက်ဖက်ရည်


Friday, July 26, 2013

တစ်နေ့လေးခွက်သောက်ခြင်းက သွေးတိုးကျစေနိုင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို တစ်နေ့လေးခွက် သောက်သုံးပေးသူများဟာ မသောက်သုံးသူများထက် သွေးတိုးပိုကျတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံသား သုတေသီတွေ ဖော်ထုတ်ထားတဲ့ ဒီသုတေသနကို ၁၀စုနှစ်တစ်ခုကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပါဝင်သူတွေရဲ့ နှလုံးခုန်နှုန်း၊ သွေးဖိ အားနဲ့ သွေးခုန်နှုန်းတွေကို တိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို တစ်နေ့လေး ခွက်ပုံမှန်သောက်သုံးသူတွေမှာ သွေးဖိအား ကျဆင်းတယ်ဆိုတာကို တွေ့ရှိခဲ့ပြီး မသောက်သုံးသူတွေမှာတော့ အဲဒီအာနိ သင်ကို မတွေ့ရှိခဲ့ရဘူးလို့ ဆိုပါတယ်။


ဒီလေ့လာမှုကို ပဲရစ်မြို့အခြေ စိုက် ကာကွယ်ရေးနှင့် ဆေးလက်တွေ့ ဆိုင်ရာ သုတေသနအဖွဲ့မှ Dr.Bru no Pannier က ကော်ဖီနဲ့လက်ဖက်ရည်မှာပါဝင်တဲ့ flavonoid ကြောင့် ဒီအာနိသင်ကို ရရှိပါတယ်လို့ရှင်းပြ ထားပါတယ်။ flavonoid ဟာ သွေး ကြောတွေကို ပြေလျော့စေပြီး တင်းအားလျော့ပါးစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီလေ့လာမှုကို မီလန်မြို့မှာ ပြု လုပ်ခဲ့တဲ့ ဥရောပသွေးတိုးရောဂါ အစည်းအရုံးရဲ့ နှစ်ပတ်လည်ညီလာခံမှာ တင်သွင်းထားတာဖြစ်ပါတယ်။

Health Updates Journal

No comments: