Tuesday, 02 July 2013
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ စတင်စမ်းသပ် ပို့လွှတ်စဉ် ပိုက်လိုင်း ရှိ အပေါက်ငယ်လေးများမှ ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ သို့သော် ပိုက်လိုင်းသွယ်တန်းသည့် ကုမ္ပဏီဖြစ်သော SEAOP/SEAGP ကုမ္ပဏီမှ ပြည်သူ့ဆက်ဆံရေး တာဝန်ရှိသူ တစ်ဦးကမူ အဆိုပါကိစ္စ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
ဓာတ်ငွေ့စမ်းသပ်ပို့လွှတ်ရာမှာ ယိုစိမ့်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေမမှန်ပါဘူး။ ပိုက်လိုင်းတစ်လျှောက် ဓာတ်ငွေ့ယိုစိမ့်မှုတွေ ရှိမနေပါဘူး။ ကျွန်မတို့ ကုမ္ပဏီဘက်က ဓာတ်ငွေ့ စတင်ပို့လွှတ်ဖို့ အတွက် အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ ဓာတ်ငွေ့ပို့လွှတ်ခွင့် အမိန့်စတင် ကျလာတာနဲ့ ပို့လွှတ်လို့ရပါပြီ...
''မြန်မာ-တရုတ် ပိုက်လိုင်းကနေပြီး တရုတ်ကိုဓာတ်ငွေ့ပို့လွှတ်ဖို့အတွက် စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်ပါတယ်။ အခု hydro test စမ်းသပ်စဉ်မှာ ပိုက်လိုင်းမှာ အပေါက်ငယ်လေးတွေကနေ ယိုစိမ့်မှု ဖြစ်ပွားနေတာ တွေ့ရ တဲ့အတွက် ဓာတ်ငွေ့ပို့လွှတ်တာကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။ အခု hydro test စမ်းသပ်နေတာက မဒေးကျွန်း ရေနက်ဆိပ်ကမ်းနဲ့ ကပ်လျက်ရှိတဲ့ ပိုက်လိုင်းမှာပါ။ ပိုက်လိုင်းတစ်လျှောက်မှာလည်း စမ်းသပ်မှု တွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်'' ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြော ကြားသည်။
''ဓာတ်ငွေ့ပိုက်လိုင်းကို ဟိုက်ဒရိုဂျင်၊ ရေ၊ လေနဲ့ စမ်းသပ်မှုတွေလုပ်တော့ ပိုက်လိုင်းမှာ အပေါက်တွေ တွေ့တယ်။ ပိုက်လိုင်းဆက်တာကို အိန္ဒိယ ကုမ္ပဏီက လုပ်နေတာပါ။ မေ ၁၅ ရက်က တရုတ်ပြည်ကို ဓာတ်ငွေ့တိုက်ရိုက် ပို့တော့မယ်လို့ ကြေညာ ထားသေးတယ်။ ဒါပေမဲ့ မပို့ဖြစ်ဘူး။ အခုလည်း ဓာတ်ငွေ့ပိုက် လိုင်းဟာ ဓာတ်ငွေ့ပို့လွှတ်ဖို့လိုအပ်ချက်တွေ အများကြီးရှိနေသေးတဲ့အတွက် ဓာတ်ငွေ့ပို့လွှတ်ဖို့အနည်းဆုံး အချိန်နှစ်လလောက် ကြာဦးမယ်လို့ ခန့်မှန်းရပါတယ်''ဟု မဒေးကျွန်းမှ ဒေသခံတစ်ဦးက ပြောကြားသည်။
''ဓာတ်ငွေ့စမ်းသပ်ပို့လွှတ်ရာမှာ ယိုစိမ့်မှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေမမှန်ပါဘူး။ပိုက်လိုင်းတစ်လျှောက် ဓာတ်ငွေ့ယိုစိမ့်မှုတွေ ရှိမနေပါဘူး။ ကျွန်မတို့ ကုမ္ပဏီဘက်က ဓာတ်ငွေ့ စတင်ပို့လွှတ်ဖို့ အတွက် အားလုံး
အဆင်သင့် ဖြစ်နေပါပြီ။ ဓာတ်ငွေ့ပို့လွှတ်ခွင့် အမိန့်စတင် ကျလာတာနဲ့ ပို့လွှတ်လို့ရပါပြီ'' ဟု ပိုက်လိုင်းသွယ် တန်းသည့် ကုမ္ပဏီဖြစ်သည့် SEAOP/SEAGP ကုမ္ပဏီမှ ပြည်သူ့ဆက်ဆံရေး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းသို့ ဓာတ်ငွေ့များ စတင်ပို့လွှတ်ရာ၌ ဓာတ်ငွေ့ပိုက်လိုင်း အတွင်းရှိလေထုကို နိုက်ထရိုဂျင်ဓာတ်ငွေ့ ထည့်သွင်း၍ ဖယ်ရှားရခြင်းကြောင့် ထိုသို့ဓာတ်ငွေ့ ပို့လွှတ်စဉ် လေရှူပေါက်များမှ အသံမြည်ခြင်း၊ မီးညွန့် များ ထွက်ပေါ်ခြင်းတို့ ဖြစ်တတ်ပြီး စိုးရိမ်စရာမရှိကြောင်း၊ထိုသို့ဖြစ်ပေါ်ပါက အန္တရာယ်မရှိကြောင်း၊ထိတ်လန့် စရာမလိုကြောင်း ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်ခြင်း မဟုတ်ကြောင်းလည်း မြန်မာ့ရေနံနှင့် သဘာဝ
ဓာတ်ငွေ့ လုပ်ငန်းက အစိုးရသတင်းစာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။
eleven media group

No comments:
Post a Comment