Saturday, July 20, 2013

အရေးပေါ် အခြေအနေ ကြေညာခြင်းအား ရုပ်သိမ်းခြင်း


Saturday, 20 July 2013


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
ဥပဒေ ကဲ့သို့ အာဏာ တည်သော အမိန့်အမှတ်(၂/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆို လဆန်း ၁၃ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်)

၁။ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ်များတွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားသည့်ပဋိပက္ခများဖြစ်ပေါ်မှုအား ဥပဒေကဲ့သို့ အာဏာ တည်သော အရေးပေါ်အခြေအနေကြေညာသည့် အမိန့်အမှတ် (၁/၂ဝ၁၃) ကို (၂၂-၃-၂ဝ၁၃) ရက် တွင် ထုတ်ပြန် ကြေညာ၍ ထိန်းသိမ်းခဲ့ပါသည်။


၂။ (၂ဝ-၅-၂ဝ၁၃) ရက်တွင် အမိန့် ထုတ်ပြန်သည့် ရက်(၆ဝ) ပြည့်သော်လည်း တည်ငြိမ် အေးချမ်းမှု ထိန်း သိမ်းရန် လိုအပ်သဖြင့် အဆိုပါ အမိန့်ထုတ်ပြန်မှုအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အတည်ပြုချက် ရယူရန်နှင့် သက်တမ်း တိုးမြှင့်ပေးရန်တို့အတွက် (၂၁-၅-၂ဝ၁၃) ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အထူး အစည်းအဝေးသို့ တင်ပြခဲ့ရာ ကနဦး ထုတ်ပြန်ခဲ့သည့် အမိန့်ကို အတည်ပြုပြီး၊ အထူး အစည်းအဝေး ပြုလုပ်သည့် ရက်မှ စ၍ ရက်ပေါင်း (၆ဝ) အထိ ဆက်လက် အာဏာ တည်စေရန် အတည်ပြုခဲ့ပါသည်။ ထိုသို့ ဆက်လက် အာဏာတည်သည့် ရက်သည် (၁၉-၇-၂ဝ၁၃) ရက်တွင် ရက်(၆ဝ)ပြည့်ပြီး ဖြစ်ပါသည်။

၃။ မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ် နှင့် သာစည်မြို့နယ် များတွင် တည်ငြိမ် အေးချမ်းမှု ရရှိပြီး ဖြစ်သောကြောင့် ထုတ်ပြန်ထားသော အရေးပေါ် အခြေအနေ ကြေညာသည့် အမိန့်အား ယနေ့မှစ၍ ရုပ်သိမ်းလိုက်သည်။

(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

http://www.president-office.gov.mm/zg/briefing-room/news/2013/07/20/id-3993

No comments: