Tuesday, 09 July 2013
အစာနှင့်တွဲသောက်ပါ
ဗိုက်တာမင် A ၊ D ၊ E နှင့် K တို့ဟာ ခန္ဓာကိုယ်တွင်းအပြည့်အဝ ရောက်ရှိဖို့ အဆီနှင့်တွဲဖက်စုပ်ယူ ရန်လိုအပ်သော အဆီတွင်ပျော်ဝင် နိုင်သည့်ဗိုက်တာမင် (fat-soluble vitamin) များဖြစ်ကြပါတယ်။ ဒါ့အပြင်အစာနှင့်သိပ်မဝေးစေဘဲ ဗိုက်တာမင်အားဆေး သောက်ခြင်း ဖြင့် ဗိုက်တာမင်ကြောင့်
ဖြစ်သော ဗိုက်နာဗိုက်အောင့်ခြင်းမှ သက်သာ စေပါတယ်။
အချိန်မှန်အစာစားပါ
အားဆေးများဟာ သူ့ချည်း သက်သက်အားဖြစ်စေတာ မဟုတ်ပါဘူး။ စားသမျှအစားအစာတွေကို အပြည့် အဝစုပ်ယူနိုင်ပြီး ထိထိရောက်ရောက် ဓါတ်ပြုနိုင်အောင် ကူညီပေး ခြင်းဖြင့်သာမန်ထက်အာဟာရ ပိုမို စုဆောင်းနိုင်စေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အားဆေးသောက်ပေမယ့် အချိန်မှန် စားမှသာ အကျိုးရှိမှာ ဖြစ်ပါတယ်။
တန်ဆေးလွန်ဘေး
အားဆေးလွန်ကဲခြင်းဟာ ဘေး ဖြစ်စေပါတယ်။ ဥပမာ သံဓါတ်လွန် ကဲတဲ့အခါနှလုံးကျန်းမာရေးထိခိုက် တတ်ပါတယ်။ သံဓါတ်အားဆေး၊ ဇင့်အားဆေး၊ ကယ်လ်ဆီယမ်အား ဆေးစသည်ဖြင့် တစ်ခုချင်းသောက် တာဟာသက်ဆိုင်ရာဓါတ်တစ်ခု သာမန်အောက်ချို့တဲ့နေမှသာ သောက်ဖိုလိုပါတယ်။ ဗိုက်တာမင် B1 ၊ B6 ၊ B12 သုံးမျိုးစပ်ဆေးများ၊ ဗီတာမင်အစုံ (multivitamin) ဆေးများပိုမိုဦးစားပေးပါ။
အချိန်ခြားသောက်ပါ
အကယ်၍ ဗိုက်တာမင်နှင့် သတ္တုဓါတ်မျိုးစုံရောစပ်ပါဝင်တဲ့ အားဆေးမဟုတ်ဘဲ ဗိုက်တာမင်တစ် မျိုးလျှင် ဆေးတစ်မျိုးစီသောက်နေ ရပါက အားလုံးကို တစ်ပြိုင်နက်မ သောက်ဘဲ အချိန်အနည်းငယ်ခြား ပြီးမှ သောက်ပါ။
သီဟ
Source:RD
Health Updates Journal

No comments:
Post a Comment