Tuesday, 02 July 2013
အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ ၏ လျှို့ဝှက်စောင့်ကြည့်ရေး #PRISM အစီအစဉ်များကို ဖွင့်ချခဲ့သည့် အက်ဒ်ဝပ် စနိုးဒင်း အနေဖြင့် ရုရှားနိုင်ငံတွင် ဆက်လက် နေထိုင်လိုပါက အမေရိကန် လျှို့ဝှက်ချက်များ ဖွင့်ချနေမှုကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောကြားလိုက်သည်။
ထို့အပြင် စနိုဒင်းမှာ ရုရှားထောက်လှမ်းရေးအေးဂျင့်တစ်ဦး မဟုတ်ကြောင်း၊ရုရှားထောက်လှမ်းရေး များကလည်း စနိုးဒင်းနှင့် တွဲဖက်ဆောင်ရွက်မှုများ မရှိကြောင်း ပူတင်က ပြောကြားသည်။ မော်စကိုတွင် ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပူတင်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
သို့သော် ရုရှားအနေဖြင့် စနိုးဒင်းအား အမေရိကန်သို့ လွှဲပြောင်ပေးလိမ့်မည်မဟုတ်ကြောင်း ပူတင်က ဆက်လက် ပြောကြားသည်။
စနိုးဒင်းသည် ဟောင်ကောင်မှရုရှားသို့ ရောက်ရှိလာပြီးနောက် မော်စကိုလေဆိပ်တွင် သောင်တင်နေ သည်မှာ ၈ ရက်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
စနိုးဒင်းအား နိုင်ငံ၏လျှို့ဝှက်ချက်များ ပေါက်ကြားမှုဖြင့် အမေရိကန်က စွဲချက်တင်ထားပြီးဖြစ်သည်။
Planet Myanmar Network


No comments:
Post a Comment