Wednesday, 10 July 2013
၉.၇.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်း စုံစမ်းစဉ် ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်ရှိ POLO တည်းခိုးခန်းတွင် သင်္ဃန်းဝတ်ဖြင့် သံဃာ(၂)ပါး ရောက်ရှိတည်းခိုနေပြီးခဏအကြာ အဆိုပါသူနှစ်ဦးမှာအရပ်ဝတ်ဖြင့် လမ်းဘေးထမင်းဆိုင်တွင် ထမင်းထွက်စားနေကြောင်း သတင်းအရခေါ်ယူစစ်ဆေးရာဘင်္ဂလားဒေရှ့် နိုင်ငံသားများဖြစ်သော Parsujit Barua (၂၇)နှစ်၊ ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ (ဘ)Rjin Barua နှင့် Antar Barua၊ (၂၉)နှစ်၊ ဘင်္ဂလားဒေရှ့် လူမျိုး/ဗုဒ္ဓဘာသာ (ဘ) Dulal Barua တို့နှစ်ဦးဖြစ်ပြီးဘင်္ဂလားဒေရှ့်နိုင်ငံမှမလေးရှားနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ရန်ရောက်ရှိနေသူများဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သင်္ကန်းဝတ်ဆင်၍ ဘာသာသာ သနာကို ညှိုးနွမ်းအောင်ပြုလုပ်သူ Parsujit Barua နှင့် Antar Barua တို့နှစ်ဦးအား ပန်းဘဲတန်းမြို့မ ရဲစခန်း(ပ) ၂၀၃/၂၀၁၃ ၊ ပုဒ်မ ၂၉၅/၂၉၅-က ဖြင့်အရေးယူထား ရှိကြောင်းသတင်းရရှိပါသည်။
yangonpolice facebook စာမျက်နှာမှ
Popular Myanmar News Journal

No comments:
Post a Comment