Monday, July 22, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း


Monday, 22 July 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပွဲကို ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟို ဌာန၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ရှင်းလင်းတင်ပြပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ တာဝန် ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟို ဌာန ပေါ်ပေါက်လာပုံနှင့် စပ်လျဉ်း၍ ရှင်းလင်းတင် ပြသည်။

ယင်းနောက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန အထူး အကြံပေး ပုဂ္ဂိုလ် ဦးတင်မောင် သန်းက Myanmar Peace Centre ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ် များကိုလည်းကောင်း၊ ဗဟိုဌာန အထူးအကြံပေး ပုဂ္ဂိုလ် ဦးလှမောင်ရွှေက Myanmar Peace Centre လုပ်ငန်း အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြန်လည် ဆွေးနွေးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ရှင်းလင်းတင်ပြပွဲ အပြီးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ပြည်သူ့ လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော် တို့က မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားကြကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments: