Monday, July 08, 2013

ကျားရန်ကြောက်ပြီး သစ်ပင်ပေါ်ပုန်းနေသူတွေကို ရှာဖွေနေ


Monday, 08 July 2013

အင်ဒိုနီးရှားနိုင်ငံ ​ဆူးမားတြားကျွန်းမှာ ​ကျားလိုက်လို့ ​သစ်ပင်ပေါ် ​တက်ပုန်းအောင်းနေရတဲ့ ​လူငါးဦးကို ​ကူညီကယ်ဆယ်ရေးသမားတွေက ​ရှာဖွေမှုတွေ ​ပြုလုပ်နေပါတယ်။


ကျားရဲ့ ​ရန်ကို ​ကြောက်လို့ ​သစ်ပင်ပေါ်တက်ပုန်းနေရသူတွေဟာ ​သမင်ထောင်ချောက်ကို ​အသုံးပြုပြီး ​ကျားငယ်လေးတစ်ကောင်ကို ​မတော်မဆ ​သတ်မိရာက ​ကျားတွေ ​လိုက်လံတိုက်ခိုက်တာကို ​ခံရတဲ့အတွက် ​ပုန်းအောင်းနေကြတာ ​ဖြစ်ပါတယ်။

မသေခင် ဒဏ်ရာရခဲ့တဲ့ ​ကျားငယ်လေးရဲ့ ​အော်သံကြောင့် ​အနီးနားက ကျားတွေရောက်လာပြီး ​လူတစ် ယောက်ကို ​သတ်ဖြတ်ခဲ့ပြီးနောက် ​ကျန်တဲ့လူတွေ ​သစ်ပင်ပေါ် ​ပြေးတက်ပြီး ​တယ်လီဖုန်းတွေနဲ့ ​လှမ်းပြီး ​အကူအညီတောင်းခဲ့တဲ့အတွက် ​သူတို့ကို ​ရှာဖွေမှု ​ပြုလုပ်နေတာဖြစ်ပါတယ်။

သစ်ပင်ပေါ် ​တိမ်းရှောင်ပုန်းအောင်နေတဲ့ ​လူကို ​ရှာဖွေဖို့ ​လူအယောက် ​၃၀ ​ပါဝင်တဲ့ရှာဖွေကယ်ဆယ်ရေး အသင်းကို ​ပို့ဆောင်လိုက်ပြီလို့ ​အင်ဒိုနီးရှား ​ရဲက ​ပြောလိုက်ပါတယ်။

ABC Radio Australia

No comments: