Tuesday, July 2, 2013
နေရောင်ခြည်စွမ်းအင်သုံးဆိုလို့ ပုံမှာမြင်တွေ့ရတဲ့ အတိုင်း နေလောင်ပြီး အသားမည်းမယ် လို့တော့ မထင် လိုက်ပါနဲ့၊တီထင်သူ မက်ဆာချူးဆက်နည်းပညာကောလိပ်က ပရောဖက်ဆာ David Wilson ရဲ့ ဖန်းတီး ပေးမှုပါ။
လျှပ်စစ်မီးမရရှိတဲ့ အာဖရိကတိုက်ဒေသတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်၊ နေပူထဲထွက်ပြီး အသုံးပြုရတယ်ဆိုပေမယ့်အိမ်ထဲမှာနေပြီး အသုံးပြုလည်း အဆင်ပြေစေမှာပါ၊
Battery အားသွင်းတဲ့ စနစ်ပါဝင်ပြီး နေစွမ်းအင်အသုံးပြုပြီး အားပြည့်စွာသွင်းထားမယ်ဆိုပါက ၂၅ နာရီကြာအသုံးပြုနိုင်မှာဖြစ်ပါတယ်၊
လျှပ်စစ်မီးမရရှိတဲ့ ဒေသတွေဖြစ်တဲ့ နေရာအနံ့အပြားမှာ နေ့စဉ်ချက်ပြုတ်ဖို့အတွက် သဘာဝသစ်တော တွေမှရရှိတဲ့ ထင်းမီးသွေးတွေအသုံးပြုနေမှုကိုအဆိုပါ ဆိုလာမီးဖိုက အတားဆီးပေးပါလိမ့်မယ်၊
ဒါကြောင့်အနာဂတ်ပတ်ဝန်းကျင်ညစ်နွမ်းမှုမြင့်တက်နေတဲ့ ယနေ့လူနေမှုဘဝမှာ အဆိုပါသဘာဝစွမ်းအင် သုံး နည်းပညာတွေအများပြားထုတ်လုပ်ဖြန်ချိဖို့ရှိတယ်လို့ တီထွင်သူကဆိုထားပါတယ်။
အာဖရိကကျေးရွာတစ်ရွာက အဆိုပါ ဆိုလာအိုးနဲ့ချက်ပြုတ်နေပုံဖြစ်ပါတယ်။
Ref:Knowledge
Khun Nay(Tsj team)

No comments:
Post a Comment