Friday, 19 July 2013
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်သင့်သည့် အချက်များကို လေ့လာသုံးသပ်မည့် ကော်မတီတစ်ရပ်ကို ဇူလိုင် ၁၇ ရက် က စတင်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိ သည်။
လွှတ်တော်ရုံး၏ ဇူလိုင် ၁၇ ရက် နေ့စွဲပါ စာအရ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းခြင်း (မူကြမ်း)ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေး ပါတီများ၊ တစ်သီးပုဂ္ဂလများနှင့် တပ်မတော်သားအစု အဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး တပ်မတော်သား အစုအဖွဲ့မှ ကိုယ်စားလှယ် ၂၅ ဦး ပါဝင်ကြောင်း သိရသည်။
ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက တာဝန်ယူ ဆောင်ရွက်ရန် ဖော်ပြထားပြီး ကော်မတီအဖွဲ့ဝင် ၁၀၇ ဦး ပါဝင်မည် ဖြစ်သည်။
ကော်မတီဝင်များထဲတွင် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ၄၂ ဦး၊ပြည်သူ့လွှတ်တော်မှ တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ် ၁၂ ဦး၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ၄၀ ဦးနှင့် အမျိုးသား လွှတ်တော်မှ တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ် ၁၃ ဦး ပါဝင်ကြောင်း သိရသည်။
ယခုဖွဲ့စည်းထားသော ကော်မတီ ဖွဲ့စည်းခြင်း မူကြမ်းကို ဇူလိုင် ၂၅ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုနိုင်ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုဖွဲ့စည်းထားသည့် ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြင်ဆင်ရမည့်အချက်များကို လေ့လာ သုံးသပ်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်အတွင်း မရောက်ရှိသေးသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များအပါအ၀င် နယ်ပယ်အသီးသီးရှိ ပညာရှင်များထံမှ အကြံဉာဏ်များ ရယူခွင့် ပြုထား သည်။
အဓိကအားဖြင့် ကော်မတီဝင်များအနေနှင့် ပြည်သူများထံမှပါ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် ပြင်ဆင်စေလိုသော အချက်များအပေါ် အကြံဉာဏ်များ ရယူခွင့်ပြုထားသည်။
eleven media group

No comments:
Post a Comment