Thursday, 04 July 2013
ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းသော ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကိုယနေ့ကျင်းပ သည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး သတ္တမနေ့ တွင် ပြည်သူလွှတ်တော်တွင် စတင်ဆွေးနွေးကြမည်ဖြစ်သည်။
ဝန်ကြီးဌာန ကတင်သွင်းသော ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ပြစ်ဒဏ်များ အခန်း တွင် ဥပဒေဖေါက်ဖျက် ကျူးလွန်ပါကအရေးယူမည့် ထောင်ဒဏ်ကို ပြည်သူလွှတ်တော်က ပယ်ဖျက်လိုက်ပြီး
ငွေဒဏ်ကို အမြင့်ဆုံး ကျပ်သိန်းတစ်ရာ အထိဖေါ်ပြထားသည်။
ပြည်သူလွှတ်တော်ဥပဒေကြမ်း ကော်မတီက “မည်သူမဆို သီးခြားဥပဒေ ပြဌာန်းထားခြင်းမရှိလျှင် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်းကို ရေဒီယိုရုပ်သံ ထုတ်လွှင့်ခြင်းလုပ်ငန်းနှင့် ပူပေါင်းခွင့် မရှိစေရ” ဟု လည်းဖြည့် စွက်ထားသည်။
Popular Myanmar News Journal
No comments:
Post a Comment