Tuesday, July 09, 2013

ချစ်သုဝေ ဖေ့စ်ဘုတ် မသုံးပါ


Tuesday, 09 July 2013

ချစ်သုဝေက ဒါရိုက်တာဟိန်းစိုးရိုက်ကူးတဲ့ ‘အနမ်းမွေ့ယာ’ ဇာတ်ကားကို နေမင်းနဲ့ ရိုက်နေပြီး အချစ်ရေး ကံမကောင်းဖူးတဲ့သူအဖြစ် သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင်ရော၊ ဂီတဘက်မှာပါ အနုပညာအလုပ် တွေ လှုပ်ရှားဖြစ်သလို၊ လူမှုရေးလုပ်ငန်းတွေ လည်း ဆောင်ရွက်နေတာကြောင့် သူ့အနေနဲ့ ဖေ့ဘုတ် ကို အသုံးမပြုဖြစ်သလို၊ ဖေ့ဘုတ်အကောင့်ကိုလည်း ဖွင့်မထားကြောင်း သူ့ရဲ့ပရိသတ်တွေကိုချစ်သုဝေက အသိပေးပြောပြခဲ့ပါတယ်။ “ထရီဇာက ပရိသတ်တွေအတွက် အနုပညာအလုပ်တွေလုပ်တယ်။ အားလပ်ချိန် ကျရင် ထရီဇာ့ပညာရေးအတွက် ထရီဇာလေ့လာ ချင်တာကိုလေ့လာတယ်။ ပညာရေးအတွက်မဟုတ်ရင် လူမှုရေးလုပ်ငန်းတွေလုပ်တယ်။


အင်တာနက် ဝင်၊ဖေ့စ်ဘုတ်ဝင်ပြီး ပရိသတ် နဲ့ စကား မပြောပေးဖြစ်ဘူး။ ကိုယ့်အချိန်နဲ့ ကိုယ်ပြည့်နေတာပဲ။ ဒါကလည်း ပရိသတ်အတွက် အလုပ်လုပ်နေတာပဲ။ ဖေ့စ်ဘုတ်စသုံးပြီဆိုရင်လည်း ထရီဇာ လုပ်တဲ့အရာကို အပြည့်အဝ တာဝန်ယူချင်တယ်။ ထရီဇာလုပ်နေတဲ့ လူမှုရေးဆိုလည်း လူမှုရေး၊ အနုပညာဆိုလည်း အနု ပညာပရိသတ်တွေသိအောင် ဝေမျှပေးမယ်။ သူတို့ပြောသမျှ၊ ဝေဖန်သမျှပေါ်မှာ သူတို့ အမေးတွေကိုအကုန် ပြန်ဖြေချင်တယ်။ တလေးတစား ရှိလို့လေ။ ထရီဇာ စဉ်းစားတယ်။ ထရီဇာတစ်ယောက်တည်းကိုင်တွယ်တဲ့ ဖေ့စ်ဘုတ် အကောင့်တစ်ခု ဖွင့်လိုက်ရင် လူကထောင်ချီရောက်လာမယ်။ မေးခွန်းမေးတာ ထောင် ချီရှိမယ်။ ဒီထောင်ချီနေတဲ့ မေးခွန်းတွေကို နေ့တိုင်း ထရီဇာပြန် မဖြေပေးနိုင်ဘူး။ မေးခွန်း မေးပြီးတော့ အဖြေပြန်မသိ ရတဲ့ လူရဲ့ရင်မှာ စိတ်ခံစားမှုက ဖြစ်တာပဲ။ အဲဒီအတွက် မီဒီယာကတစ်ဆင့် သူတို့နဲ့စကားပြောတယ်။ထရီဇာ့ အလုပ်တွေကနေ သူတို့နဲ့စကား ပြောတယ်။ ဒီသဘောနဲ့ပဲ ဆက်သွယ်တယ်။

ဒါကြောင့် ဖေ့စ်ဘုတ် အကောင့်ကို လုံးဝမဖွင့်တာပါ။ အခုကျတော့ ထရီဇာကို ချစ်တဲ့သူတွေက ဖွင့်ပေးထား တာကို နားလည်ပါတယ်။ ဒါပေမဲ့ တချို့တွေကျတော့ ထရီဇာမဟုတ် မှန်းသိကြတယ်။ တချို့တွေကျတော့ ထရီဇာအမှတ်နဲ့ စကားတွေပြောကြတယ်။ အဲဒီညီမလေး သည်လည်း ကိုယ်တိုင်အတွက်တောင် မဟုတ်ဘဲ ထရီဇာအတွက် ချစ်လွန်းလို့ ဒုက္ခခံပြီး လုပ်ပေးနေတာဖြစ်တဲ့အတွက် အချိန်ဘယ်ပေးနိုင်မလဲ။ ဒါကြောင့် လစ်ဟင်းမှုတွေ ရှိလာတယ်။

ထရီဇာ့နာမည်ကြီးနဲ့ ဖွင့်ထားပြီးတော့ အဲဒီလိုတွေ မဖြစ်စေချင်ဘူး။ထရီဇာဖေ့စ်ဘုတ်အကောင့်လုံးဝ မသုံးပါဘူး။ သူ ငယ်ချင်းကပြောလို့ သူ့အေ ကာင့်က နေဖေ့စ်ဘုတ်ဝင်ကြည့်တဲ့အခါမှာ Up to date လို့ ပြောပေမယ့် တအားဟောင်းတဲ့ပုံတွေ တင်တယ်။ ဒီနေ့ ရိုက်ကွင်းလေးမှာဆိုပြီး မနှစ် ကပုံတွေကို တင်ပြီးရေးတော့ သတင်းတွေကမှားနေတယ်။ ထရီဇာပရိ သတ်ကို ဘာတောင်းဆိုချက် မှ မပြုချင်ဘူး။ ထရီဇာဘယ်လိုရပ် တည်လဲဆို တာ ပရိသတ်ကြီးလည်းကောင်းကောင်း သိပါတယ်။ ဟိုလူ့ကို Vote လုပ်ပေးပါ။ Like လုပ်ပေးပါဆိုပြီး တောင်းဆိုမှုတွေ မပြု ချင်ဘူး။ ထရီဇာ ပရိသတ်ကြီးက ထရီဇာက တောင်းဆိုမှုတွေပြုနေတယ်လို့ အထင်မှား သွားမှာစိုးပါတယ်” လို့ ပြောပြခဲ့ပြီး တရားဝင်ဖေ့စ်ဘုတ်အသုံးပြု ရင်လည်း ဖေ့စ်ဘုတ် အကောင့်ကိုစာမျက်နှာအထက်ကနေ ကြေညာပါ့မယ်လို့ ပရိသတ်ကို အသိပေးပြော ကြားခဲ့ပါတယ်။

Popular Journal

No comments: