Friday, July 5, 2013
♦ အိမ်မွေးအလှခွေးလေးတွေအပေါ် ညီမလေးရဲ့ သဘောထား ...
သမီးက ခွေးအရမ်းချစ်တယ်လေ။ သမီးတို့ မိသားတစ်စုလုံးကလည်း ချစ်ပါတယ်။ ဟိုတုန်း ကလည်း မွေးပါတယ်။
♦ ညီမလေးမွေးထားတဲ့ ခွေးလေးရဲ့ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ဖြစ်လဲ။
သမီးရဲ့ခွေးလေးက အရင်လိုမြူးမနေဘဲ၊ အစာသိပ်မစားတာတို့၊ ငြိမ်နေတယ်၊ မဟောင်ဘဲနဲ့ တိတ်နေတယ် ဆိုရင် ဘာဖြစ်လဲ။ လူကြီးတွေက လည်း အရင်ကတည်းက ခွေးမွေးလာတာဆိုတော့ အခြေအနေလေး နည်းနည်းပြောင်းတာနဲ့ သူတို့ နေမကောင်းဘူးဆိုတာ သိပါတယ်။ အဲလိုပဲ အမြဲ ဂရု စိုက်ကြည့်နေပါတယ်။
♦ ဒီခွေးလေးမွေးထားခြင်းအားဖြင့် အိမ်မှာ ဘာထူးခြားမှုတွေ ရှိလာလဲ။
ပြည့်စုံသလို ခံစားရတယ်။ ဘာဖြစ်လို့လဲဆို ရင် သမီးက ခွေးချစ်တယ်။ ခွေး ဆိုတာ လူရဲ့ အကောင်းဆုံး မိတ်တွေ Men Best ဆိုပြီး အင်္ဂလိပ်မှာ လည်း ပြောလေ့ပြောထ ရှိပါတယ်။ အိမ်တစ်အိမ်မှာ ခွေးရှိတော့ လည်း အဖော်လည်း ရတယ်။ သူစိမ်းတွေလာလို့ ဟောင်ပေးတဲ့အခါ ကိုယ်လည်း သိရတယ်။
♦ ညီမလေးရဲ့ ခွေးလေးကို ဘာတွေသင်ပြမှု ပြုလုပ်ပေးသေးလဲ။
ဧည့်သည်လာတဲ့အခါ ခဏဘေးဖယ်ဆိုရင် သူက ရှောင်သွားတယ်။ ထိုင်နေဆိုရင် ထိုင်နေတယ်။ အောက်ကိုဝပ်ပြီး အိပ်ဆိုရင်လည်း အိပ်တတ်ပါတယ်။ အပြင်သွားမယ်ဆိုပြီး သူ့ကြိုးကို ကိုင်လိုက်တာနဲ့ သူအပြင်သွားမယ်ဆိုတာ သိပြီး ထလာတယ်။ အပြင်ထွက်တဲ့ အချိန်ကျရင်လည်း 'ငြိမ်ငြိမ်နေ' လို့
ပြောရင် သူနားထောင်တယ်။
♦ International Dog Day သတ်မှတ်လိုက်တဲ့ အတွက် ခွေးချစ်သူများ ကိုယ်စား ညီမလေး ဘာပြောချင်လဲ။
ခွေးချစ်သူများ အကုန်လုံး ကိုယ်မွေးထားတဲ့ ခွေးကို တိရစ္ဆာန်ပဲလို့ သဘောထားပြီး ဥပေက္ခာ ထားတတ်ကြ တယ်လေ။ အဲဒါလေးတွေ နည်းနည်း လျော့ပေးပါလို့ ပြောချင်ပါတယ်။
မိုးသောက်ကြယ်
Yati Magazine
No comments:
Post a Comment