Wednesday, 10 July 2013
နောက်ထပ် မျိုးဆက်သစ် #iPad သည် ယခုနှစ် စက်တင်ဘာလအတွင်း ထွက်ပေါ်လာဖွယ် ရှိနေကြောင်း ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။ Apple ကုမ္ပဏီ အနေဖြင့် (၂၀၁၃)ခုနှစ်၊ ဆောင်းဦးပေါက်တွင် အဆိုပါ ပဉ္စမမျိုးဆက် iPadကို မိတ်ဆက် ရောင်းချနိုင်သော်လည်း iPad #Mini မျိုးဆက်သစ်မှာမူ ယခုနှစ်ကုန်ပိုင်း ထိ ဆိုင်းငံ့ထားဖွယ် ရှိနေကြောင်း ထိုင်ဝမ် အခြေစိုက် နည်းပညာ Blogတစ်ခုဖြစ်သော DIGITIMES က ဖော်ပြခဲ့သည်။
ယင်းသည် အာရှတိုက်ရှိ #Apple အတွက် ကိရိယာ အစိတ်အပိုင်းထောက်ပံ့သော နည်းပညာလုပ်ငန်းစုများ ကို ခြေရာခံ ချိတ်ဆက်ပြီး ယခုသတင်းကို ခန့်မှန်း ရေးသားလာခြင်း ဖြစ်သည်။ iPadအသစ်စတင်ထုတ်ဝေ ရန်အတွက် စက်တင်ဘာသည် ဖြစ်နိုင်ခြေ အရှိဆုံး ပစ်မှတ်အချိန် ဖြစ်နေသော်လည်း iPad Miniကိုမူ Appleက တစ်ပြိုင်တည်း ထုတ်ရောင်းနိုင်ခြေ မရှိသေးဟု ဆိုသည်။
iPad အသစ်သည် ယခင်ကဲ့သို့ မျက်နှာပြင်အကျယ် (၉.၇)လက်မ ရှိမည်ဖြစ်သော်လည်း ဘောင်သားမှာမူ ပိုမို ပါးလွှာကျစ်လစ်လာဖွယ် ရှိနေကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်နေသည်။ ဘက်ထရီ သက်တမ်း သည်လည်း ယခင်မျိုးဆက် iPadများထက် ပိုမို ကြာရှည်ခံမည်ဟု Apple ပရိသတ်က မျှော်လင့်နေသည်။
iPad Miniမှာမူ Appleက #HD #Retina #Displayဖြင့် ထုတ်လုပ်ရန် သင့်မသင့် ဆုံးဖြတ်ရန် မပြတ်သား သေးဘဲ HDအရည်အသွေးဖြင့်သာ ရပ်တည်ရန် ဆုံးဖြတ်ပါက ပိုမို နှောင့်နှေးဖွယ် ရှိနေကြောင်းလည်း Digitimesက ဖော်ပြခဲ့သည်။ iPad Mini အသစ်သည်လည်း ယခင်Versionထက် ပိုမို ကျစ်လစ် သေးငယ် သွားဖွယ်ရှိနေကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်နေသည်။
Planet Myanmar Network

No comments:
Post a Comment