Friday, July 5, 2013
စစ်တမ်းများတွင် တွေ့ရှိချက်အရ Twitter ကဲ့သို့ #Social #Mediaများတွင် အဝေဖန် ခံရဆုံး မိုဘိုင်းလ်ဖုန်း ဟန်းဆက် အမျိုးအစားတွင် #iPhone 5က ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်း သိရှိရသည်။စတင်ရောင်း ချချိန်မှ စပြီး ယင်းဖုန်းနှင့် ပတ်သက်၍ Social Mediaများတွင် ရေးသားသည့် မှတ်ချက် (၅)ခု၌ (၁)ခုသည် အဆိုးမြင် ရှုထောင့်မှ ဖြစ်နေကြောင်း စစ်တမ်းက ဆိုသည်။
#Samsungက ထုတ်လုပ်သည့် #Galaxy #S မှာမူ #Twitterနှင့် အခြားသော #Blog များ၌ အဝေဖန် ခံရမှု အနည်းဆုံး၊ အသုံးပြုသူများ၏ ချစ်ခင်ထောက်ခံမှုကို အရရှိဆုံး ဟန်းဆက်အဖြစ် ရပ်တည်လျှက် ရှိသည်။
(၂၀၁၂)ခုနှစ်က စတင်ထုတ်ဝေပြီး ကတည်းက iPhone 5သည် သုံးစွဲသူများ၏ ဝေဖန်မှုကို အခံရဆုံး ဟန်းဆက်လည်း ဖြစ်လာသည်။
အဓိက စောဒကတက် ဝေဖန်ကြသူများမှာ #Power #Socketသစ်ကို မနှစ်သက်မှုများ၊ #Apple #Maps ၏ မတိကျမှုများ၊ ယခင်ဖုန်းမော်ဒယ်လ်များနှင့် ထူးမခြားနား တူညီမှုများအပေါ် မနှစ်သက်ကြခြင်း ဖြစ်သည်။
စောဒက တက်ခံရမှု အနည်းဆုံး ဟန်းဆက်များတွင်မူ #Galaxy #S4 က (၁၁)ရာခိုင်နှုန်းမျှဖြင့် မှတ်တမ်း အကောင်းဆုံး ရပ်တည်နေသည်။
iPhone 5၏ စောဒကတက် ခံရမှုနှုန်းမှာ (၂၀)ရာခိုင်နှုန်းဖြစ်သည်။ #We #Are #Social မှ ကောက်ယူ သော စစ်တမ်းသည် Twitterနှင့် Socail Media Blogများတွင် ဖုန်းအမျိုးအစား (၄)ခုအပေါ် လူအများ၏ အမြင်ကို ခြုံငုံ ရယူထားခြင်း ဖြစ်သည်။ iPhone 5သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ၊ Galaxy S4သည် ယခုနှစ် မတ်လ၊ #Blackberry #Z10 သည် ဇန်နဝါရီလ၊ #Nokia ၏ #Lumia 920 သည် (၂၀၁၂)ခုနှစ်၊ စက်တင်ဘာလများက အသီးသီး ထုတ်လုပ် ရောင်းချခဲ့သည်။
iPhone 5တွင် ကင်မရာ စွမ်းဆောင်မှုကလည်း ယခင်Versionများနှင့် သိသိသာသာ ကွဲပြားအောင် ဖန်တီး တီထွင်မှု မရှိကြောင်း ဝေဖန်ခံရပြန်သည်။ ထို့အပြင် Power Socket ပြောင်းလဲလိုက်ခြင်းကြောင့် iPhone အသုံးပြုသူများသည် ယခင် #Version ဟောင်း ဟန်းဆက်များအတွက် ဝယ်ယူထားသည့် ဖုန်းအားသွင်း စက်များနှင့် အဆင်မပြေတော့ခြင်းကို မနှစ်သက်ကြချေ။
Appleသည် ယခင်က မြေပုံလမ်းညွှန် စနစ်တွင် Google Mapကို အသုံးပြုခဲ့သော်လည်း iPhone 5တွင် Apple Mapကို ပြောင်းလဲလိုက်ရာမှ အမှားအယွင်းများ ဖြစ်ပေါ်ခဲ့ခြင်းမှာလည်း ဝေဖန်စရာ ဖြစ်ခဲ့သည်။ Twitterတွင် လွှင့်တင်ထားသည့် ဓာတ်ပုံအချို့တွင်လည်း iPhone 5 ဟန်းဆက် အချို့တို့တွင် ကိုယ်ထည် အရောင် ပြောင်းလဲမှုများဖြစ်ပေါ်ကြောင်း စွပ်စွဲထားသည်။
iPhone 5အပေါ် အကောင်းအဆိုး အမြင်အမျိုးမျိုး ကွဲပြားမှု ရှိသည့်တိုင် Social Mediaများတွင်မူ လူအများ ဆွေးနွေးပြောဆိုမှု အများဆုံး ဟန်းဆက် အနေဖြင့်မူ ရပ်တည်နေဆဲ ဖြစ်သည်။ ယခုစစ်တမ်းအရ iPhone 5 အကြောင်း ဆွေးနွေးပြောဆိုမှုပေါင်း (၁.၇)သန်းမျှ ရှိခဲ့ပြီး Z10မှာမူ (၁၄၀၀၀၀)မျှ၊ Galaxy S4နှင့် Lumia 920တို့မှာမူ (၄၅၀၀၀)မျှစီသာ ရှိကြောင်းလည်း သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment