Wednesday, July 10, 2013

UNFC နှင့် အစိုးရ (Technical Team)တို့၏ အကြိုဆွေးနွေးပွဲ


Wednesday, 10 July 2013

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့် အစိုးရ တို့သည် နိုင်ငံရေး ဆွေးနွေးပွဲ တစ်ရပ် ဖြစ်လာရန် ရည်ရွယ်ပြီးနှစ်ဖက် နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) များ အကြို ညှိနှိုင်းရန် လာမည့် ဇူလိုင်လ (၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြောခွင့်ရသူ ပဒိုမန်းမန်းက ဆိုပါသည်။


“ဒီတစ်ပတ် ဆွေးနွေးမှာက လမ်းပြမြေပုံကို ညှိနှိုင်းနိုင်ဖို့ အတွက် အကြိုညှိတာ၊ ကြားဝင် ဖြန်ဖြေ ညှိနှိုင်းရေး အဖွဲ့ ပါဝင်လာအောင် ဆွေးနွေးမယ်။ နေရာထိုင်ခင်း ညှိနှိုင်းမယ် လက်ရှိ အပစ်အခတ် ရပ်စဲရှိပြီးသားနဲ့ တချို့လူမှု အကူအညီ အထောက်ပံ့ ကိစ္စတွေပြောဆိုဖြစ်မှာပါ” ဟု ဆိုပါသည်။

UNFC အဖွဲ့၏နည်းပညာ အထောက်အကူပြု အဖွဲ့ကို KNU အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ဦးဆောင်ပြီး အစိုးရ ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) ၏ နည်းပညာ အထောက်အကူပြု အဖွဲ့ကို ဦးလှမောင်ရွှေ ဦးဆောင်ပြီး ကိုယ်စားလှယ် (၆) ဦးဖြင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသည်။

UNFC သည် ၂၀၁၂ စက်တင်ဘာလအတွင်းချမှတ် ထားသည့် အခြေခံမူ (၆) ချက်ဖြင့် လမ်းပြ မြေပုံထား ရှိပြီး အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့၏ လမ်းညွှန်ချက် (၈) ချက်နှင့် ညှိနှိုင်းရဖွယ် ရှိနေပါသည်။

UNFC သည် အစိုးရ အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရာတွင် သက်သေအဖြစ် အနောက် နိုင်ငံကြီးများအား ဖိတ်ကြားလို သော်လည်း အစိုးရဘက်ကမူ ၄င်းကြားဝင် ဆောင်ရွက် ပေးမည့် အဖွဲ့များအား လေ့လာစောင့်ကြည့်သူများ အဖြစ်သာ ခွင့်ပြုလိုသည့် သဘောထားရှိပါသည်။

“လွတ်တော်ပြင်ပ သွားနိုင်ဖို့ အတွက် UNFC အနေနဲ့ အချက် ခြောက်ချက်ကို ညှိရမယ်အစိုးရရဲ့ ငြိမ်းချမ်း ရေး process  ဖက်မှာတော့ အပစ်အခတ် ရပ်စဲရေးကို ပြည်နယ်အဆင့်၊ နိုင်ငံရေး ဆွေးနွေးပွဲကို ပြည်ထောင်စု အဆင့်နဲ့ နေပြည်တော်အဆင့် ဆိုပြီး အဆင့် (၃) ဆင့်နဲ့ ငြိမ်းချမ်းရေး Process ရှိတယ်။ ကျနော်တို့ ရဲ့ လမ်းပြမြေပုံနဲ့ ငြိမ်းချမ်းရေး process မှာတော့ အခြေခံ အချက် (၆) ချက်ဘဲ ရှိတယ်” ဟု ပဒိုမန်းမန်းက ဆိုပါသည်။

ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး (Technical Team) အဖွဲ့များသည် ဇူလိုင်လ (၁၂)ရက်နေ့တွင် ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA နှင့်လည်းကောင်း ဇူလိုင်လ (၁၄) ရက်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့လည်းကောင်းတွေ့ဆုံရန် ရှိသည်ဟု အစိုးရ အဖွဲ့မှ တရားဝင် အကြောင်း ကြားစာအရ သိရသည်ဟု UNFC မှ ထုတ်ဖော် ပြောကြားထားပါသည်။

UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည့်၂၀၁၃ ဖေဖော်ဝါရီလတွင် ချင်းမိုင် မြို့၌ ပထမအကြိမ် တရားဝင် အကြို ညှိနှိုင်းခဲ့ပြီး ဤသည် နိုင်ငံရေး ဆွေးနွေးပွဲအတွက် ဒုတိယအကြိမ် အကြို ဆွေးနွေးပွဲဖြစ်ပါသည်။

Phophtaw News Association

No comments: